ရိုဟင်ဂျာအရေး ကုလသမဂ္ဂ အဆင့်မြင့်ညီလာခံ ကျင်းပမည်

RFA Burmese
2024.11.21
ရိုဟင်ဂျာအရေး ကုလသမဂ္ဂ အဆင့်မြင့်ညီလာခံ ကျင်းပမည် အင်ဒိုနီးရှားနိုင်ငံကို ထွက်ပြေးလာကြသည့် ရိုဟင်ဂျာတချို့အား ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
Photo: Reuters

လာမယ့် ၂ဝ၂၅ ခုနှစ်မှာ ရိုဟင်ဂျာအရေး ဆွေးနွေးအဖြေရှာမယ့် အဆင့်မြင့်ညီလာခံ ကျင်းပမယ်လို့ ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်လိုက်ပါတယ်။

ရိုဟင်ဂျာအရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် အချိန်ကာလ အတိအကျသတ်မှတ်ထားတဲ့ အစီအစဉ်တစ်ရပ် အဆိုပြုတင်သွင်းဖို့ အဖွဲ့အစည်းအားလုံးပါဝင်တဲ့ အဆင့်မြင့်ညီလာခံ ကျင်းပသွားမယ်လို့ ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်လိုက်တဲ့အကြောင်း Dhaka Tribune သတင်းက နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဖော်ပြပါတယ်။

ဒါဟာ ပြီးခဲ့တဲ့စက်တင်ဘာလက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂညီလာခံမှာ ဘင်္ဂလားဒေ့ရှ်အစိုးရ အကြံပေးအရာရှိချုပ် မိုဟာမက် ယူနွတ် တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ် အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Muhammad Abdul Muhith က ရိုဟင်ဂျာတွေကို သူတို့ဆန္ဒနဲ့အညီ ဂုဏ်သိက္ခာရှိရှိ လုံခြုံဘေးကင်းပြီး မြန်မာနိုင်ငံကို ပြန်နိုင်တဲ့အခြေအနေတွေ ဖန်တီးပေးတာဟာ ဘင်္ဂလားဒေ့ရှ်တင်မကဘဲ ဒေသတွင်းနဲ့ နိုင်ငံတကာလုံခြုံရေးအတွက်ပါ အရေးကြီးတဲ့အကြောင်း နိုဝင်ဘာ ၂ဝ ရက်နေ့က ကုလသမဂ္ဂမှာ ပြောခဲ့ပြီးနောက် ညီလာခံကျင်းပမယ့်အကြောင်း ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေအရေး ဆွေးနွေးမယ့် ညီလာခံကို ၂ဝ၂၅ ခုနှစ်အစောပိုင်းမှာ ကျင်းပဖို့ ဆုံးဖြတ်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းက ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။