ရိုဟင်ဂျာတွေ တရားမျှတမှုရရေးနဲ့ လုံခြုံစိတ်ချစွာနေရပ်ပြန်နိုင်ရေး ကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ်တောင်းဆို

RFA Burmese
2024.09.28
ရိုဟင်ဂျာတွေ တရားမျှတမှုရရေးနဲ့ လုံခြုံစိတ်ချစွာနေရပ်ပြန်နိုင်ရေး ကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ်တောင်းဆို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တက်ရောက်မိန့်ခွန်းပြောကြားနေသည့် ဘင်္ဂလားဒေ့ရှ်အစိုးရ အကြံပေးအရာရှိချုပ် မိုဟာမက် ယူနွတ်အား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။
AFP

မြန်မာနိုင်ငံမှာ နှစ်ရှည်လများဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေ တိုးပွားလာနေတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ အကြံပေးအရာရှိချုပ် မိုဟာမက် ယူနွတ်က စက်တင်ဘာ ၂၇ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားစဉ် ပြောဆိုလိုက်ပါတယ်။

နိုင်ငံတကာအနေနဲ့ ဒီရိုဟင်ဂျာတွေ နေရပ်ရခိုင်ပြည်နယ်ကို လုံခြုံစိတ်ချစွာပြန်နိုင်ရေး လမ်းစတွေ ဖန်တီးပေးဖို့လည်း သူက တောင်းဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး လွယ်ကူချောမွေ့ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း သူက ထပ်လောင်းကတိကဝတ်ပြုလိုက်ပါတယ်။

လွန်ခဲ့တဲ့ ခုနစ်နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်ဟာ ရိုဟင်ဂျာ ၁ ဒဿမ၂ သန်းကို လက်ခံကူညီထားကြောင်း၊ သူတို့အတွက် လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းတွေနဲ့ ရေရှည်တည်တံ့ခိုင်မာတဲ့ နေရပ်ပြန်ပို့ရေး အစီအစဉ်တွေအတွက် နိုင်ငံတကာက ဆက်လက်ကူညီပံ့ပေးဖို့ လိုအပ်ကြောင်းလည်း သူက ပြောသွားပါတယ်။

ဒါ့အပြင် ဒီရိုဟင်ဂျာတွေ ကြုံတွေ့ခဲ့ရတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေတွက် တရားမျှတမှုရဖို့ ICJ နဲ့ ICC လို နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံးတွေကနေ တရားစီရင်နိုင်အောင် ဆက်လက်ကြိုးပမ်းသွားဖို့ အရေးကြီးကြောင်းလည်း သူက ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။