ဆောမြို့နယ် လက်ပန်းရွာက အမျိုးသမီးလေးဦး ဖမ်းဆီးခံရ

2022.11.11
ဆောမြို့နယ် လက်ပန်းရွာက အမျိုးသမီးလေးဦး ဖမ်းဆီးခံရ မကွေးတိုင်း၊ ဆောမြို့နယ် လက်ပန်းကျေးရွာရှိ နေအိမ်မီးလောင်နေသည်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ-ယောအလင်းတန်း

မကွေးတိုင်း၊ ဆောမြို့နယ် လက်ပန်းရွာက ဒေသခံ အမျိုးသမီးလေးဦးကို စစ်ကောင်စီ တပ်က နိုဝင်ဘာ ၁၀ ရက်မနေ့က လာရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

မနေ့က အမျိုးသမီးငါးဦး ဖမ်းဆီးခံရတာဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက် ဒီမနက်ပိုင်းမှာ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတစ်ဦးက ကိုပြောပါတယ်။

“စစ်ကောင်စီတပ်တွေ ရွာထဲဝင်လာပြီး အမျိုးသမီး ငါးဦးကို ဖမ်းသွားတယ်။ ဒီနေ့တော့ ဖမ်းခံရတဲ့ အမျိုးသမီး ငါးဦးထဲက အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြန်လွတ်တယ်။ ကျန်လေးယောက်ကတော့ အသက်အတိအကျ မသိရသေးဘူး။ အသက် ၄၀ နဲ့ ၅၀ ကြားတွေပဲ။ ဘာကြောင့် ဖမ်းသွားတာလဲဆိုတာ မသိရဘူး”

ဒီအပြင် စစ်ကောင်စီ တပ်သားတွေက နေအိမ်တစ်လုံးကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ တပ်သားတွေဟာ လက်ပန်းရွာအနီးက ပဆုပ်ရွာ ဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ်တချို့မှာ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ပန်းကျေးရွာက ဒေသခံ အမျိုးသမီးလေးဦး ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ မကွေးတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးပိုင်မြင့်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ နိုဝင်ဘာလ ၁၀ ရက်အထိ ပြည်သူ ၁၂၉၂၅ ဦး ဖမ်းဆီး ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။