မန္တလေးကက်သလစ် ဘုရား ရှိခိုးကျောင်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ စီးနင်း

2022.04.09
Share on WhatsApp
Share on WhatsApp
မန္တလေးကက်သလစ် ဘုရား ရှိခိုးကျောင်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ စီးနင်း မန္တလေး၊ အောင်မြေသာဇံမြို့နယ် ၂၅ လမ်းနဲ့ ၂၆ လမ်းကြား ၈၁ လမ်းမှာရှိတဲ့ ရွှေနှလုံးတော် ကက်သလစ် ဘုရားရှိခိုးကျောင်းကို တွေ့ရစဉ်
Photo: Mandalay Archdiocese Mandalay Archdiocese

မန္တလေး၊ အောင်မြေသာဇံမြို့နယ် ၂၅ လမ်းနဲ့ ၂၆ လမ်းကြား ၈၁ လမ်းမှာရှိတဲ့ ရွှေနှလုံးတော် ကက်သလစ် ဘုရားရှိခိုးကျောင်း Sacred Heart ကာသီဒြယ် ဘုရားကျောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ လောက် ဒီလ ၈ရက်နေ့က ဝင်ရောက် စီးနင်းရှာဖွေပါတယ်။

ဒီလ ၁၇ ရက်မှာ အီစတာပွဲတော်ကျရောက်မှာ ဖြစ်ပြီး ကက်သလစ်ဘာသာဝင်တွေရဲ့ ဝါတွင်း ဥပုသ်ကာလအတွင်း ဝတ်ပြုနေချိန်မှာ စီးနင်းတာလို့ ဘုရားကျောင်းနဲ့ နီးစပ်သူတစ်ယောက်က RFA ကိုပြောပါတယ်။

စစ်သားတွေ ဘုရားကျောင်းကို ဝင်ရောက် စီးနင်းတဲ့ သောကြာနေ့မှာ Way of the Cross လက်ဝါးကပ်တိုင် လှည့်လည်ပွဲရှိတယ်လို့လည်း ပြောပါတယ်။

လူ ၂၀ လောက် ဝတ်ပြုနေတဲ့အချိန်မှာ ဝင်ရောက်စီးနင်းတာဖြစ်ပြီး ၂နာရီလောက် ပိတ်မိပြီးမှ ပြန်လွှတ်ပေးတယ်လို့ ဆိုပါတယ်။

စစ်သားတွေက လက်နက်တွေနဲ့ ရွှေငွေတွေ ဝှက်ထားတဲ့နေရာ ပြောခိုင်းချိန်မှာ လက်ထောက် ဆရာတော် Dominic Jyo Du က ဆင်းရဲသားတွေကိုပေးမယ့် အလှူငွေတွေပဲ ရှိပါတယ်လို့ ရှင်းပြဖို့ကြိုးစားတဲ့အခါ ဘုရားကျောင်းထဲ ဆွဲသွင်း လိုက်တယ်လို့ ပြောပါတယ်။

မန္တလေးဂိုဏ်းချုပ်ဆရာတော် Marco Tin Win လည်း အဲဒီအချိန်မှာ တခြား အဆောက်အအုံထဲ ရှိနေပေမယ့် ဘုရားကျောင်းထဲ ခေါ်သွားတယ်လို့ ပြောပါတယ်။ မနေ့က မနက်ထိတချို့ စစ်သားတွေ ဘုရားကျောင်းမှာ ကျန်နေခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။