မိုးမိတ်မြို့နယ် ကျောက်မောရွာရဲစခန်းကို ABSDF သိမ်းပိုက်

2023.05.25
Share on WhatsApp
Share on WhatsApp
မိုးမိတ်မြို့နယ် ကျောက်မောရွာရဲစခန်းကို ABSDF သိမ်းပိုက် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် ကျောက်မောရွာရဲစခန်းကို မေလ ၂၄ ရက်နေ့က ABSDအဖွဲ့စီးနင်းတိုက်ခိုက်အပြီး သိမ်းဆည်းရရှိခဲ့သည့် လက်နက်များ။
ABSDF

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် ကျောက်မောရွာရဲစခန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က မေ ၂၄ ရက်နေ့က စီးနင်းသိမ်းပိုက်နိုင်ပြီး ရဲတပ်ကြပ်ကြီးအပါအဝင် လေးဦး သေဆုံးခဲ့တယ်လို့ အဖွဲ့က မေ ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ABSDF အဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာမရဘဲ သေနတ်ခြောက်လက်လည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ABSDF မြောက်ပိုင်းရဲ့ထောက်လှမ်းရေးတာဝန်ခံ ကိုစောက ပြောပါတယ်။

"ဒီရဲစခန်းက ခရီးသွားပြည်သူတွေကို ဒုက္ခပေးနေသလို ပိုက်ဆံ အတင်းအကျပ်တောင်းနေတာကြောင့် ဝင်တိုက်တာပါ။ ရဲစခန်းသိမ်းနိုင်ခဲ့ပြီး ရဲလေးယောက် သေသွားတယ်၊ ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူး။ "

မနက် ၆ နာရီကျော်ကနေ ၇ နာရီဝန်းကျင်အထိ ပစ်ခတ်ခဲ့ပြီး စခန်းမှာဖမ်းဆီးခံထားရတဲ့ အမျိုးသမီးသုံးဦးနဲ့ ကလေးနှစ်ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ကျောက်မောဂိတ်မှာရှိတဲ့ ရဲတွေနဲ့ စစ်ကောင်စီတပ်သားတွေဟာ ဖြတ်သန်းသွားလာနေတဲ့ ကားတွေနဲ့ အနီးအနားက လုပ်ငန်းရှင်တွေဆီကနေ ငွေကြေးနဲ့ ရိက္ခာတောင်းနေကြောင်း ဒေသခံတွေက တိုင်ကြားထားတယ်လို့လည်း
ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ရှမ်းပြည်နယ်စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေကြားပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။