လက်မှတ်ထိုး တောင်းဆိုရေး ဒေါ်အောင်ဆန်းစုကြည် နှိုးဆော်

လက်ရှိ ဒီမိုကရေစီ ကွန်ရက်ထဲက အဖွဲ့အစည်းတွေ ၊ လူပုဂ္ဂိုလ်တွေ လုပ်ဆောင်နေတဲ့ သမ္မတ ဦးသိန်းစိန်ထံ လက်မှတ်ထိုး တောင်းဆိုရေး လှုပ်ရှားမှုမှာ မြန်မာ့ ဒီမိုကရေစီရေးကို လိုလားသူအားလုံး တက်တက်ကြွကြွ ပါဝင်ကြဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နှိုးဆော်လိုက်ပါတယ်။

2011.05.06
assk_96th_bogyoke_birthday_305_z ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က NLD ရုံးချုပ်တွင် ကျင်းပပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်း ၉၆ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်းပြောကြားစဉ်။ (Photo: AFP)
(Photo: AFP)

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကြား အပစ်ခတ် ရပ်စဲရေး ပြည်ပကို ရှောင်ခွာသွားရတဲ့ ဒုက္ခသည်တွေနဲ့ အခြား နိုင်ငံသူ နိုင်ငံသားတွေ မြန်မာနိုင်ငံကို လုံခြုံအေးချမ်းစွာ ပြန်လာနိုင်ရေး စသည်တို့ကို တောင်းဆိုထားတဲ့ လက်မှတ်ထိုး လှုပ်ရှားမှု အောင်မြင်ရေးအတွက် ဝိုင်းပြီး ကူညီပေးစေချင်ပါတယ်။

RFA က အပတ်စဉ် တင်ဆက်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေ ကဏ္ဍအတွက် နိုင်ငံရေး အကျဥ်းသား ကိုမြအေးရဲ့သမီး မဝေနှင်းပွင့်သုန်ရဲ့ မေးခွန်းကို ဖြေကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို နှိုးဆော်လိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတ ဦးသိန်းစိန်ထံ တောင်းဆိုတဲ့ အဲဒီစာတွေကို နိုင်ငံခြားသားများလည်း ပါဝင် လက်မှတ်ရေးထိုးနိုင်ကြောင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ရေးအတွက် အားလုံး ဝိုင်းဝန်း အကောင်အထည် ဖော်ကြစေလိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ တိုက်တွန်း ထားပါတယ်။

မြန်မာနိုင်ငံသူ နိုင်ငံသားတွေ မဟုတ်တဲ့သူတွေလည်း သွေးစည်းညီညွတ်မှုကို ပြသောအားဖြင့် လက်မှတ်ထိုးနိုင် ပါတယ်။ အမေထပ်ပြီးတော့ ပြောချင်ပါတယ်။ အမေတို့လုပ်နေတဲ့ လက်မှတ်ထိုး လှုပ်ရှားမှုကြီးကို သမီးတို့ပြင်ပက ဒီမိုကရေစီ လိုလားသူတွေ အားလုံး ဝိုင်းပြီးတော့ ကူညီပံ့ပိုးပေးကြပါ၊ အင်တာနက်ကတဆင့် လက်မှတ်တွေကို ပို့ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

နောက်ထပ် သောတရှင်တဦးရဲ့ မေးခွန်းကို ဖြေကြားရာမှာတော့ လက်ရှိသမ္မတ ဦးသိန်းစိန်ဖွဲ့စည်းလိုက်တဲ့ အကြံပေးအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က သတိကြီးစွာထားပြီး ကြိုဆိုလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေရေးရာ အကြံပေးအဖွဲ့ဝင် ၉ ဦး ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်လို့ တကယ်တမ်းကို တိုင်းပြည်ကို အကျုးိပြုနိုင်မဲ့ အကြံတွေပေးနိုင်ပြီး ဒီအကြံတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက မှန်မှန်ကန်ကန် အကောင်အထည် ဖော်နိုင်မယ် ဆိုရင်တော့ ကောင်းမယ်လို့ ထင်ပါတယ်။

ဒါပေမဲ့ အဲဒီအကြံပေး ကော်မတီကို လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ကြောင်း မိမိအနေနဲ့ လက်တွေ့ လုပ်ဆောင်ချက်တွေကို မမြင်ရသေးပဲ မျှော်လင့်ချက်ထားတာမျိုးကို ယုံကြည်ခြင်း မရှိကြောင်း စသဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-05-08 23:47

Where can I add my signature on-line for this Campaign ?

Please Help.

Anonymous
2011-05-08 23:44

How do I participate in this "Signature Campaign" ?

Where can I find the Organisation ?

Please help.