လက်နက်ကြီးကြောင့် ပလမြို့မှာ အရပ်သား ခြောက်ဦးဒဏ်ရာရ

RFA Burmese
2023.09.03
လက်နက်ကြီးကြောင့် ပလမြို့မှာ အရပ်သား ခြောက်ဦးဒဏ်ရာရ စစ်ကောင်စီတပ် ပစ်ခတ်သဖြင့် လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့သည့် ဘန်လောရွာမှ နေအိမ်များအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။
The Tanintharyi Times

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ ရဲစခန်းက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ စက်တင်ဘာလ ၁ ရက်မှာ အမှတ် ၃ ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သား ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည်ဟာ ဆားဖိုဆိပ်ကမ်းနဲ့ ရွှေမော်သိမ်စေတီအနီးကို ကျရောက်ပေါက် ခဲ့တာပါ။

ဒဏ်ရာရသူတွေထဲမှာ အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသား မောင်မိုးသူ၊ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား လေးဦး ပါဝင်ပါတယ်။

ဒဏ်ရာပြင်းထန်တဲ့သူတချို့ဟာ ပလမြို့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ထိတဲ့သူတချို့ကိုတော့ ပလမြို့မဆေးရုံကို ပို့ထားတယ်လို့ သိထားပါတယ်။ ၈ တန်း ကျောင်းသားကတော့ ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သွားတယ်။ အခြေအနေစိုးရိမ်ရတဲ့ အထဲမှာ ပါတယ်။ ကျန်တဲ့သူတွေကတော့ ရင်ဘက်၊ လက်မောင်းနဲ့ ခါးတို့မှာ လက်နက်ကြီးစ ထိထားတယ်"

တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေးကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က ပလမြို့က လူသွားလူလာများတဲ့ နေရာတွေကို စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လ ၃၁ ရက်အထိ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၅၀ ကျော်သေဆုံးပြီး ၈၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။