စစ်ကောင်စီတပ်သားတွေ ရိုက်နှက်ဖမ်းဆီး သွားတဲ့ တောင်ကြီးမြို့ခံ သေဆုံး

2021-04-06
Share
စစ်ကောင်စီတပ်သားတွေ ရိုက်နှက်ဖမ်းဆီး သွားတဲ့ တောင်ကြီးမြို့ခံ သေဆုံး တောင်ကြီးမြို့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းထားစဉ်မှာ သေဆုံးခဲ့တဲ့ ကိုအောင်ပိုင်ထွေး။
Photo: Citizen Journalist

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ရိုက်နှက်ဖမ်းဆီးသွားတဲ့ ကိုအောင်ပိုင်ထွေး (၃၀ နှစ်)ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်မှာ သေဆုံးသွားပါတယ်။

ဧပြီလ ၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး နှစ်ရက်အကြာ ဒီနေ့မှာ မိသားစုတွေကို အလောင်းလာထုတ်ဖို့ စစ်တပ်က အကြောင်းကြားခဲ့တယ်လို့ ရှမ်းပြည်အခြေစိုက် ကမ္ဘောဇတိုင်း သတင်းမှာ ရေးသားဖော်ပြပါတယ်။

မိသားစုက ပြန်ရတဲ့ ကိုအောင်ပိုင်ထွေးရဲ့ ရုပ်အလောင်းကို စစ်ကောင်စီက ခွဲစိတ်ထားတာကိုလည်း မိသားစုက တွေ့ခဲ့ရပါတယ်။

ကိုအောင်ပိုင်ထွေးဟာ ဧပြီလ ၄ ရက်နေ့ညက တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်နေတာကြောင့် ရပ်ကွက်နေသူတွေက ဝိုင်းဝန်း မီးငြှိမ်းသတ်ပေးနေချိန်မှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ရိုက်နှက်ဖမ်းဆီးခံခဲ့ရတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့