သဲချောင်းအုန်းတောက ရိုဟင်ဂျာတွေ အရေးပေါ်အကူအညီလိုအပ်နေ

RFA Burmese
2023.05.20
သဲချောင်းအုန်းတောက ရိုဟင်ဂျာတွေ အရေးပေါ်အကူအညီလိုအပ်နေ စစ်တွေမြို့နယ်၊ ဘုမေအုပ်စု၊ သဲချောင်းအုန်းတောရွာမှ ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ် မေလ ၂၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ကလေးငယ်ငါးဦး အပါအဝင် စုစုပေါင်း ရိုဟင်ဂျာ ရှစ်ဦး သေဆုံးခဲ့တဲ့ စစ်တွေမြို့နယ်၊ ဘုမေအုပ်စု၊ သဲချောင်းအုန်းတောရွာ အကွက် (၁၀) ကို ၂၀၂၃ ခုနှစ်၊ မေလ ၂၀ ရက်ဒီနေ့မှာ မြင်တွေ့ရတာပါ။

အဲဒီနေရာမှာ နေအိမ်ပေါင်း ၁၆၀ ရှိတဲ့အနက် နေအိမ် ၁၅၅ လုံးပျက်စီးသွားခဲ့တယ်လို့ ကျေးရွာတာဝန်ခံက RFA ကို ပြောပါတယ်။

လက်ရှိအချိန်ထိ ကူညီကယ်ဆယ်ရေးမရောက်သေးဘဲ ရေငံဝင်ရောက်ထားတဲ့ရေကို သောက်သုံးနေရသလို ပင်လယ်ရေစိုထားတဲ့ဆန်ကိုသာ စားနေရတာကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၅ ဦးအပါအဝင် လူဦးရေ ၁၅၀ နီးပါး ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နေတယ်လို့ ကျေးရွာတာဝန်ခံက ပြောပါတယ်။

ဆေးဝါးနဲ့ စားနပ်ရိက္ခာအခက်အခဲတွေကြောင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအတွက် ရေရှည်မှာ စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့လည်း ဆိုပါတယ်။

ဒီနေရာဟာ ပင်လယ်နဲ့ထိစပ်နေတဲ့ရွာဖြစ်သလို လက်ရှိအချိန်ထိ တဲအိမ်ပျက်တွေနဲ့ ဖြစ်သလိုနေနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။