မြန်မာပြည်တွင်းစစ်ကြောင့် နယ်စပ်ဖြတ်ကျော် မူးယစ်ကုန်သွယ်မှုတိုးလာကြောင်း ထိုင်းအရာရှိပြော

RFA Burmese
2024.10.05
မြန်မာပြည်တွင်းစစ်ကြောင့် နယ်စပ်ဖြတ်ကျော် မူးယစ်ကုန်သွယ်မှုတိုးလာကြောင်း ထိုင်းအရာရှိပြော မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် အိတ်များအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Royal Thai Army

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်က ဒေသတွင်း မူးယစ်ဆေးတင်သွင်းမှုတွေ တိုးလာစေသလို ထိုင်းနိုင်ငံမှာ စိတ်ကြွဆေးနဲ့ ဘိန်းဖြူဖမ်းဆီးရမိတာ ပိုများလာတယ်လို့ ထိုင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးတန်းအရာရှိတစ်ဦးက ပြောလိုက်ပါတယ်။

မူးယစ်ဆေးတွေတင်သွင်းတဲ့လမ်းကြောင်းဟာ ထိုင်းနိုင်ငံမြောက်ပိုင်းက အဓိကဖြစ်နေတယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးမှောင်ခိုသူတွေက methamphetamin နဲ့ အိုက်စ် စိတ်ကြွဆေးတွေကို တောင်တန်းတွေဖြတ်ကျော် သယ်ယူလာကြသလို မဲခေါင်မြစ်ကြောင်းတစ်လျှောက်ကနေလည်း သယ်ယူလာကြတယ်လို့ ဆိုပါတယ်။

မူးယစ်မှောင်ခိုဂိုဏ်းတွေဟာ မြန်မာနိုင်ငံက ရှမ်းနဲ့ ကချင်ပြည်နယ်တွေမှာ ဓာတ်ခွဲခန်းတွေတည်ထောင်ဖို့ ပြည်သူ့စစ်တွေနဲ့ မဟာမိတ်ဖွဲ့ထားတယ်လို့ ဆိုပါတယ်။

မူးယစ်မှောင်ခိုမှုဟာ လက်နက်ဝယ်ယူဖို့အတွက် အဓိက ဝင်ငွေလမ်းကြောင်းဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးဖမ်းဆီးရမိမှုပိုများလာပြီး မြောက်ပိုင်းပြည်နယ်တွေမှာ ဒီနှစ်အတွင်း မက်သာဖက်တမင်း ခြောက်တန်ခွဲ နီးပါး ဖမ်းဆီးရမိခဲ့တာကြောင့် ဒီပမာဏဟာ မနှစ်ကထက် ၃၉ ရာခိုင်နှုန်းတိုးပြီး ဖမ်းဆီးမိခဲ့တာလို့ဆိုပါတယ်။ ဒီနှစ်အတွင်းမှာပဲ ဘိန်းဖြူ ၇၂၁ ပေါင် ဖမ်းဆီးရခဲ့ပြီး ဒါဟာ မနှစ်ကထက် ရှစ်ဆ ပိုများ ဖမ်းဆီးမိခဲ့တာလို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်မူးယစ်ဆေး နှိမ်နှင်းရေးတပ်ဖွဲ့အရာရှိကလည်း မူးယစ်ဂိုဏ်းတွေဟာ မူးယစ်ဆေး သန်း ၅၀ ကျော်ကို ထိုင်းနိုင်ငံအတွင်း မှောင်ခိုကူးဖို့ စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။