မြန်မာနိုင်ငံထဲက တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်လူမျိုးငါးဦးကို ထိုင်း ဖမ်းဆီး

RFA Burmese
2025.03.13
မြန်မာနိုင်ငံထဲက တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်လူမျိုးငါးဦးကို ထိုင်း ဖမ်းဆီး ထိုင်းရဲတပ်ဖွဲ့ဝင် အချို့အား ၂၀၂၀ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ ထိုင်းနိုင်ငံတောင်ပိုင်း Pattani ပြည်နယ်တွင် တွေ့ရစဉ်။
Tuwaedaniya MERINGING / AFP

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲကို တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်လူမျိုး ငါးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ မတ်လ ၁၃ ရက်နေ့ ဖော်ပြပါတယ်။

ပစ်ကပ်ကားနှစ်စီးပေါ်မှာ ပါလာတဲ့ တရုတ်လူမျိုး ငါးဦးကို အယုဒ္ဓယမြို့နယ်ထဲက အဝေးပြေးလမ်းအမှတ် (၃၂) ပေါ်မှာ ဖမ်းဆီးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ ရဲမှူးချုပ် ကောင်ကရစ် (Kongkrit) က ပြောပါတယ်။

တရားမဝင် ဝင်ရောက်လာတဲ့ အဲဒီတရုတ်လူမျိုးတွေကို ကားမောင်းပို့ပေးဖို့ ဘတ် ၆၅၀၀ ပေးပြီး ကားငှားခဲ့တာလို့ ထိုင်းလူမျိုး ကားဒရိုင်ဘာ နှစ်ဦးထဲက တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူ တရုတ်လူမျိုးတွေကတော့ သူတို့ဟာ နယ်စပ်လမ်းအတိုင်း တာ့ခ်ခရိုင်ထဲကို ဝင်ရောက်လာပြီး မဲဆောက်မြို့ကတစ်ဆင့် ဘန်ကောက်ကို အလုပ်လုပ်ဖို့ သွားကြမှာလို့ ဘာသာပြန်ကတစ်ဆင့် ပြောပါတယ်။

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။