ထိုင်း-မြန်မာနယ်စပ်မှာ တီဘီရောဂါ ကူးစက်မှုတိုးလာနိုင်ကြောင်း ထိုင်းသတိပေး

RFA Burmese
2024.07.26
ထိုင်း-မြန်မာနယ်စပ်မှာ တီဘီရောဂါ ကူးစက်မှုတိုးလာနိုင်ကြောင်း ထိုင်းသတိပေး မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁) တွင် စောင့်ဆိုင်းနေကြသူများအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ အဆုတ်နာရောဂါဖြစ်ပွားတဲ့ လူနာတွေ တစ်နေ့တခြား ပိုတိုးလာတာ တွေ့ရှိရတယ်လို့ The Nation သတင်းက ဇူလိုင် ၂၆ ရက်နေ့က ဖော်ပြပါတယ်။

နယ်စပ်ဒေသ မြဝတီခရိုင်မှာရှိတဲ့ ရွှေကုက္ကိုမြို့မှာ လတ်တလော ဓာတ်မှန်ရိုက်စစ်ဆေးခဲ့တဲ့ လူနာတစ်ရာအနက် တစ်ဝက်ခန့်ဟာ အဆုတ်ရောဂါဖြစ်ပွားနေတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ကူးစက်ပျံ့ပွားလာနိုင်ဖွယ်ရှိတဲ့ အဆုတ်ရောဂါကို သတိထားကြဖို့ မဲဆောက်မြို့ဆေးရုံ ညွှန်ကြားရေးမှူးက ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ ကျန်းမာရေးအရာရှိတွေကို တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံက ဝင်ရောက်လာသူတွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ ဝန်ထမ်းတွေအနေနဲ့လည်း နှာခေါင်းစည်းတွေ တပ်ထားကြဖို့ သူက အကြံပေးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အဆုတ်ရောဂါဖြစ်ပွားသူဟာ အရင်နှစ်ကထက် ပိုများနိုင်တယ်လို့လည်း သူက ခန့်မှန်းပါတယ်။ ဒီကူးစက်မှုတွေဟာ နှစ်စဉ်လိုတွေ့ရတဲ့အတွက် ထိတ်လန့်တကြား မဖြစ်ကြဖို့လည်း သူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။