ရက် ၁၂ဝ စီမံကိန်းကာလအတွင်း မြန်မာအလုပ်သမား နှစ်သိန်းကျော် ဖမ်းဆီးခံရ

RFA Burmese
2024.10.05
ရက် ၁၂ဝ စီမံကိန်းကာလအတွင်း မြန်မာအလုပ်သမား နှစ်သိန်းကျော် ဖမ်းဆီးခံရ ကော့သောင်းမြို့ကိုပြန်ပို့မည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ၊ ရနောင်းဆိပ်ကမ်းတွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့က တွေ့ရစဉ်။
Facebook/ Ranong Immigration Office

ထိုင်းအစိုးရရဲ့ နိုင်ငံတွင်း တရားမဝင်အလုပ်သမားတွေ ရှာဖွေဖမ်းဆီးခြင်း ရက် ၁၂ဝ စီမံကိန်းအတွင်း မြန်မာအလုပ်သမား နှစ်သိန်း တစ်သောင်းနီးပါး ( ၂၀၉,၄၃၅ ဦး) ဖမ်းဆီးရမိကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဇွန်လ ၅ ရက်နေ့ကနေ အောက်တိုဘာ ၂ ရက်နေ့အထိ စီမံချက်အတွင်း မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ တခြားနိုင်ငံတွေက တရားမဝင်အလုပ်သမား နှစ်သိန်းရှစ်သောင်းကျော် ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမားတွေထဲက ၁၂၈၉ ဦးကို အရေးယူဆောင်ရွက်ပြီးဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

ထိုင်းအလုပ်အကိုင်ဦးစီးဌာနအနေနဲ့ ဒီတရားမဝင်အလုပ်သမားတွေ ဖမ်းဆီးရေးကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံတွင်း ခရီးသွားလုပ်ငန်းတွေ၊ အနှိပ်ခန်း၊ အလှပြင်ဆိုင်နဲ့ ဧည့်လမ်းညွှန်လုပ်ငန်းတွေမှာ တရားမဝင်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ သူတို့ကိုအလုပ်ခန့်တဲ့ အလုပ်ရှင်တွေကိုလည်း စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။