မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် ပြော

RFA Burmese
2023.09.16
မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် ပြော ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ဖရီး ပါထီဟာနုကွန်းအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Minister of Foreign Affairs Thailand

မြန်မာ့အရေးအတွက် လိုအပ်ရင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရဲ့အကြံဉာဏ်ယူပြီး၊ အာဆီယံ လမ်းကြောင်းအတိုင်းမဟုတ်ဘဲ မြန်မာနဲ့ အလွတ်သဘော ဆွေးနွေးတာတွေ ထိုင်းနိုင်ငံအနေ ထည့်သွင်းစဉ်းစားမယ်လို့ ထိုင်း ဒုတိယဝန်ကြီးချုပ်သစ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပန်ဖရီး ပါထီဟာနုကွန်း (Panpree Phathithanukorn ) က မနေ့က ပြောလိုက်တယ်လို့ ထိုင်းနိုင်ငံက အွန်လိုင်းသတင်းစာတစ်စောင်ဖြစ်တဲ့ ပရာချာထိုင်းမှာ ဖော်ပြထားပါတယ်။

မြန်မာ့နိုင်ငံရေးအခြေအနေဟာ ပြည်တွင်းရေးသာဖြစ်လို့ ဒီပြဿနာကို ပြည်တွင်း တရားဥပေဒဆိုင်ရာ ဖြေရှင်းနည်းနဲ့ရော ၊ အာဆီယံလုပ်ထုံးလုပ်နည်းတွေနဲ့ပါ ဖြေရှင်းသင့်တယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံက အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေချုပ်ငြိမ်းဖို့အတွက် အာဆီယံဘုံသဘောတူညီချက် ၅ ချက် လိုက်နာအောင် ဆက်ပြီး ကြိုးစားနေတဲ့အတွက် အာဆီယံရဲ့အခန်းကဏ္ဍကို လျစ်လျူရှုလို့ မရနိုင်ဘူးလို့လည်း ဆိုပါတယ်။ ထိုင်းအစိုးရအနေနဲ့လည်း ဒီဘုံသဘောတူညီချက် အကောင်အထည်ပေါ်လာအောင် ဆက်ကြိုးစားနေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ၊ ဒီမိုကရေစီရေးကြိုးပမ်းမှုတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေအားလုံးကို မြန်မာနိုင်ငံက ကိုယ့်ဘာသာကိုယ် ဖြေရှင်းရမှာ ဖြစ်တယ်၊ ဒါပေမဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းမဲ့ ကြိုးပမ်းမှုတွေ အဆင်ပြေအောင် ထိုင်းနိုင်ငံအနေနဲ့ အာဆီယံနဲ့ ဆွေးနွေးမှုတွေမှာ ကြားကနေ စေ့စပ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မူးယစ်ဆေးဝါးနဲ့ နယ်စပ်ဖြတ်ကျော်မှုတွေကို နှစ်နိုင်ငံ ထပ်တန်းအရာရှိတွေရဲ့ ဆွေးနွေးပွဲတွေ ကျင်းပနိုင်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။