မလေးရှားသွားမယ့် အထောက်အထားမဲ့ မြန်မာတွေကို ထိုင်းတာဝန်ရှိသူတွေဖမ်းဆီး

RFA Burmese
2024.09.05
မလေးရှားသွားမယ့် အထောက်အထားမဲ့ မြန်မာတွေကို ထိုင်းတာဝန်ရှိသူတွေဖမ်းဆီး ထိုင်း-မလေးရှားနယ်စပ်တွင် စောင့်ကြပ်နေသည့် ထိုင်းတော်ဝင်စစ်တပ် တပ်ဖွဲ့ဝင်တစ်ဦးအား ၂ဝ၂၁ ခုနှစ် မေလအတွင်းက တွေ့ရစဉ်။
Photo: AFP

အလုပ်ရဖို့ မျှော်လင့်ချက်နဲ့ မလေးရှားကိုသွားတဲ့ အထောက်အထားမဲ့ မြန်မာ ၁၅ ယောက်ကို ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ်မှာ မနေ့က ကြားဖြတ်ဖမ်းဆီးလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ အဝေးပြေးလမ်းရဲအရာရှိတွေက အလုံပိတ်ကားတစ်စီးကို ကြားဖြတ်စစ်ဆေးတဲ့အခါ ထိုင်းယာဉ်မောင်းနဲ့တကွ ဖမ်းဆီးမိလိုက်တာပါ။

ကား‌ပေါ်မှာ ကလေးတစ်ယောက်အပါအဝင် မြန်မာအမျိုးသမီး သုံးယောက်နဲ့ အမျိုးသား ၁၂ ယောက်တို့ ပါလာပြီး အားလုံးက ထိုင်းကို တရားမဝင် ဝင်ရောက်လာသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကနေ တရားမဝင် ဝင်လာသူတွေဟာ ထိုင်းတောင်ပိုင်းကတစ်ဆင့် မလေးရှားကို သွားတယ်လို့ လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းရရှိထားတယ်လို့လည်း ဖော်ပြပါတယ်။ ထိုင်းယာဉ်မောင်းက တစ်ယောက်ကို ဘတ်ရှစ်ရာနဲ့ လိုက်ပို့ပေးတာလို့ ဆိုပါတယ်။

ထိုင်းကိုဖြတ်ပြီး မလေးရှားမှာ အလုပ်ရဖို့အတွက် ပွဲစားကို တစ်ယောက်ကို မြန်မာငွေကျပ် သိန်းငါးဆယ်နှုန်း ပေးခဲ့ရတယ်လို့ မြန်မာတွေကထွက် ဆိုပါတယ်။ ကားကို သိမ်းလိုက်ပြီး ဖမ်းဆီးခံရသူအားလုံးကို ဥပဒေအရ အရေးယူဖို့ ရဲစခန်းပို့လိုက်ပါတယ်။

ဒီလိုလူမှောင်ခိုသွင်းမှုလုပ်ငန်းမှာ ပါဝင်ပတ်သက်သူတွေကို ဖမ်းဆီးနိုင်ဖို့ ဆက်လက် စုံစမ်းစစ်ဆေးမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။