ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့ ဆေးကုသခံယူနေရ

2021.08.11
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့ ဆေးကုသခံယူနေရ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင် ကို တွေ့ရစဉ်
Photo: AFP

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်ဟာ နေပြည်တော် ကုတင် ၁၀၀၀ စစ်ဆေးရုံမှာ အရေးပေါ်ဆေးကုသမှု ခံယူနေရတယ်လို့ မျက်မြင်တွေ့ရှိသူ စစ်တပ်အရာရှိဟောင်း တစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။

သြဂုတ် ၁၀ ရက် မနေ့က နေပြည်တော် ပုဗ္ဗသီရိမြို့နယ်က A 1 နေအိမ်ထဲကို PPE ဝတ်စုံဝတ်ထားတဲ့ သူတွေက ဗိုလ်ချုပ်မှူးကြီးဟောင်းနဲ့ သူ့ရဲ့ ဇနီးတို့ကို ခေါ်ဆောင်ခဲ့တာဖြစ်ပြီး ဒါဟာ ပုံမှန်ဆေးစစ်မှု ခံယူတာမျိုးမဟုတ်ဘူးလို့ သူက အခိုင်အမာပြောပါတယ်။

ဒါပေမဲ့ မနေ့ညပိုင်းကတည်းက ထွက်ပေါ်နေတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေကတော့ သတင်းမှားတွေသာဖြစ်တယ်လို့ သူက ပြောပါတယ်။

အခု အသက် ၈၈ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဟာ ၁၉၉၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အကြား နိုင်ငံရဲ့အမြင့်ဆုံးရာထူးတွေဖြစ်တဲ့ နိုင်ငံတော် ဝန်ကြီးချုပ်၊ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် စတဲ့ရာထူးတာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးဟောင်းရဲ့ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်ကတော့ အသက် ၈၉ နှစ်ဝန်းကျင်ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။