သပိတ်ကျင်းက စစ်ကောင်စီတပ်ရင်းတစ်ခုကို မဟာမိတ်အဖွဲ့တွေ သိမ်းပိုက်

RFA Burmese
2024.08.09
သပိတ်ကျင်းက စစ်ကောင်စီတပ်ရင်းတစ်ခုကို မဟာမိတ်အဖွဲ့တွေ သိမ်းပိုက် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ခလရ ၁၄၈ အား သိမ်းယူပြီးနောက် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့က မဟာမိတ်အဖွဲ့ဝင်များအား တွေ့ရစဉ်။
မိုးကုတ်ဗျူဟာ

 မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်အခြေစိုက် စစ်ကောင်တပ်ရဲ့ ခြေလျင်တပ်ရင်း ၁၄၈ ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မိုးကုတ်ဗျူဟာ အပါအဝင် ပူးပေါင်းအဖွဲ့တွေက ဩဂုတ်လ ၉ ရက်နေ့ ညနေက သိမ်းယူခဲ့တယ်လို့ မိုးကုတ်ဗျူဟာက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဩဂုတ်လ ၉ ရက်နေ့ ညနေ ၅ နာရီက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းယူနိုခဲ့တယ်လို့ ဆိုပါတယ်။

တပ်ရင်းသိမ်းတယ်လို့ သိရကြောင်း သပိတ်ကျင်းဒေသခံတစ်ဦးကလည်း RFA ကိုပြောပါတယ်။

"သိမ်းတာပဲသိလိုက်တာ၊ PLA၊TNLA ၊မိုးကုတ်ဗျုဟာ၊ ၅၁၃ တပ်ရင်းတို့ ပေါင်းသိမ်းတယ်လို့သိရတယ်၊ ကျန်တာတော့ မသိရသေးဘူး"

ဒီတပ်ရင်းသိမ်းယူတာနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ မိုးကုတ်ဗျူဟာ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားပေမဲ့ လက်တလော အကြောင်းမပြန်သေးသလို TNLA ဘက်ကလည်း ထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့တာလည်း လက်ခံဖြေဆိုတာ မရှိပါဘူး။

သပိတ်ကျင်းမြို့နယ်က တကောင်းတောင်ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ ရဲကင်းစခန်းကို ဇူလိုင်လ ၂၇ ရက်နေ့က သိမ်းယူခဲ့သလို အင်းနက်ရွာအနီး တာဝါတိုင်ကုန်း စခန်းကို ဇူလုင်လ ၂၁ ရက်နေ့တွေက သိမ်းယူနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အလားတူ သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာက ရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ဇူလိုင် ၂၅ ရက်နေ့မှာ သိမ်းယူခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။