မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်းရှိနေမယ်လို့ ညီနောင် သုံးဖွဲ့ ထပ်မံကတိပြု

RFA Burmese
2024.08.12
မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်းရှိနေမယ်လို့ ညီနောင် သုံးဖွဲ့ ထပ်မံကတိပြု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA )နှင့် ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။
Arakan Army

မြန်မာပြည်သူတစ်ရပ်လုံးလိုလားတဲ့ နိုင်ငံရေးရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာရေးအတွက် တစ်သွေးတည်း တစ်သားတည်းအတူရှိနေတာကို ထပ်မံအသိပေးလိုကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဩဂုတ်လ ၁၂ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

ကိုးကန့်၊ တအာင်းနဲ့ ရက္ခိုင့်အဖွဲ့အစည်းတို့ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ "၁၀၂၇ စစ်ဆင်ရေး" နဲ့အတူ ရရှိလာခဲ့တဲ့ အောင်မြင်မှုတွေ၊ မြို့သိမ်းတိုက်ပွဲတွေအပေါ် ဂုဏ်ပြုလွှာပေးပို့လာကြတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကို အထူးကျေးဇူးတင်ရှိကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မိမိတို့ကို ထောက်ခံအားပေးတဲ့ အဖိနှိပ်ခံမြန်မာပြည်သူလူထုတစ်ရပ်လုံးကို လေးလေးနက်နက် ဂုဏ်ပြုကျေးဇူးတင်ကြောင်းလည်း ညီနောင်သုံးဖွဲ့က ဖော်ပြပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့၊ မိမိကိုယ်ကိုကာကွယ်ဖို့၊ ကိုယ်ပိုင်ဒေသတွေကို ပိုထိန်းချုပ်နိုင်ဖို့၊ စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့ ည မပြတ် တိုက်ခိုက်နေမှုကို ဟန့်တားဖို့၊ ပြည်သူတစ်ရပ်လုံး လိုလားနေတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့နဲ့ တရုတ်-မြန်မာ နယ်စပ်အပါအဝင် နိုင်ငံအတွင်းမှာ ကြီးထွားလာနေတဲ့ အွန်လိုင်း လောင်းကစားနဲ့ ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့အတွက် "၁၀၂၇ စစ်ဆင်ရေး" ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။