ဖားကန့်မှာ ရဲတပ်ဖွဲ့ဝင် သုံးဦး ပစ်ခတ်ခံရ

2022.09.11
ဖားကန့်မှာ ရဲတပ်ဖွဲ့ဝင် သုံးဦး ပစ်ခတ်ခံရ ရဲတပ်ဖွဲ့ဝင်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်
Photo: Citizen Journalist

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မော်ဝှမ်းရပ်ကွက်မှာ ရဲတပ်ဖွဲ့ဝင် သုံးဦး စက်တင်ဘာ ၁၀ ရက် ညနေပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ် မူးယစ်ရဲတပ်ဖွဲ့က ဒု-ရဲအုပ်တစ်ဦးနဲ့ ရဲတပ်ကြပ် နှစ်ဦး ရွှေဂဏန်း ပင်လယ်စာဆိုင်မှာ ဈေးဝယ်နေချိန် အမည်မသိအဖွဲ့က ကားနဲ့လာရောက်ပစ်ခတ်ခဲ့တာလို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

"ဈေးဝယ်နေတဲ့ အချိန်မှာလာပစ်တာ။ ၁၀ ချက်လောက်ရှိမယ်၊ ပစ်သွားတာ။ ဘယ်အဖွဲ့ဆိုတာတော့မသိဘူး။ အပစ်ခံရတဲ့ ရဲတွေကို အခု ဆေးရုံပို့ထားတယ်၊ နှစ်ယောက်ကတော့ စိုးရိမ်ရတယ်ကြားတယ်"

ဒါ့အပြင် ပစ်ခတ်မှုကြောင့် ပင်လယ်စာ အရောင်းဆိုင်က အမျိုးသမီး တစ်ဦးလည်း လက်မောင်းဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ်ဟာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အားကောင်းတဲ့ မြို့နယ်တစ်ခု ဖြစ်တဲ့အပြင် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။