ကွတ်ခိုင်မြို့နယ်မှာ စစ်တပ်ထုတ်ကုန်တွေ မရောင်းဖို့ TNLA သတိပေးနေ

2022.01.10
ကွတ်ခိုင်မြို့နယ်မှာ စစ်တပ်ထုတ်ကုန်တွေ မရောင်းဖို့ TNLA သတိပေးနေ ကွတ်ခိုင်မြို့အတွင်း ကျေးရွာတစ်ခုမှာ စစ်တပ်ထုတ်ကုန်တွေကို လိုက်လံစစ်ဆေး ဖျက်စီးနေတဲ့ TNLA တပ်ဖွဲ့များကို ၂၀၂၂ ဇန်နဝါရီ ၈ ရက်နေ့က တွေ့ရစဉ်
Photo: Citizen Journalist

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းက ကျေးရွာအချို့မှာ စစ်တပ်ထုတ်ကုန်တွေကို မရောင်းချဖို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့ကစပြီး လိုက်လံ သတိပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ် ကျောထောက်နောက်ခံရှိတဲ့ မြန်မာဘီယာနဲ့ အရက်၊ ဆေးလိပ်၊ စားသောက်ကုန်တွေကို မရောင်းချဖို့ လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက သတိပေးခဲ့ပြီး အခုတစ်ကြိမ်နဲ့ဆိုရင် တတိယအကြိမ် သတိပေး တာလို့ ဆိုပါတယ်။

အခုတစ်ကြိမ်မှာတော့ ဈေးဆိုင်တွေမှာ ရောင်းချနေတဲ့ စစ်တပ်ထုတ်ကုန် အချို့ကို ဖျက်ဆီးခဲ့တယ်လို့ ကွက်ခိုင် ဒေသခံတစ်ဦးက ပြောပါတယ်။

“အရင်တုန်းတည်းက ကုန်အောင်ရောင်းထားဖို့ ပြောတာရှိတယ်။ ဒီတစ်ကြိမ်ကျတော့ ဆိုင်ထဲမှာ ကျန်နေ တဲ့ ပစ္စည်းထဲက တစ်ဝက်ကို ဖျက်ဆီးတာပေါ့ အများစုက ဘီယာတွေပါတယ်”

TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကတော့ စစ်တပ် ထုတ်ကုန်တွေကနေရတဲ့ အမြတ်တွေ ဟာ သူတို့ဒေသအတွင်းက စစ်တပ်ရဲ့ထိုးစစ်ကို အထောက်အပံ့ ဖြစ်စေတယ်လို့ ယူဆတာကြောင့် လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကတည်းက စစ်တပ်ထုတ်ကုန်တွေ မရောင်းချဖို့ အသိပညာပေးတာတွေ လုပ်ခဲ့ပြီး အခု နှစ်မှာတော့ မြေပြင်မှာ ပိုမိုဆောင်ရွက်လာတဲ့ အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။