ထိုင်းနိုင်ငံက ရထားနဲ့ ကားတိုက်မှုမှာ ရှမ်းလူမျိုးတွေသေဆုံး


2015.03.25

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်အနီးမှာ ထရပ်ကားတစီးကို လူစီးရထားက မနေ့က အင်္ဂါနေ့မှာ တိုက်မိပြီး ကားပေါ်ပါတဲ့ ရှမ်းတိုင်းရင်းသား ဆောက်လုပ်ရေးအလုပ်သမား ၇ ဦးသေဆုံးပြီး ၁ ဦးက အတွင်းလူနာအဖြစ် ကုသနေရတယ်လို့ သတင်းရရှိပါတယ်။

ကားနဲ့ရထားတိုက်မိတဲ့အချိန်မှာ မိုးအကြီးအကျယ်ရွာနေပြီး ရာသီဥတုဆိုးဝါးနေတယ်လို့ သိရပါတယ်။  ရထားက ချင်းမိုင်ကနေ ဘန်ကောက်မြို့ကို ဦးတည်ခုတ်မောင်းလာတာဖြစ်ပါတယ်။ သေဆုံးသူတွေဟာ အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ဖြစ်ပါတယ်။ ကားမောင်းသမားကတော့ အသက်ဘေးကလွတ်မြောက် သွားပါတယ်။

ထိုင်းနိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ များသောအားဖြင့် မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ၊ တိုင်းရင်းသားတွေ အလုပ်လုပ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။