နေပြည်တော် လေကြောင်းကာကွယ်ရေးတပ် နှစ်ခု ဗုံးခွဲတိုက်ခိုက်ခံရ

2021.10.26
နေပြည်တော် လေကြောင်းကာကွယ်ရေးတပ် နှစ်ခု ဗုံးခွဲတိုက်ခိုက်ခံရ ၂၀၂၁ ခုနှစ်က နေပြည်တော်မှာ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကျင်းပစဥ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်နှစ်ခု အောက်တိုဘာလ ၂၅ ရက် မနေ့ မနက် ၄ နာရီခန့်မှာ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ညိုဒေသမှာရှိတဲ့ စစ်ဆေးရေးကွပ်ကဲမှုဌာနချုပ် (လစခ - ၈) နဲ့ (၃၀၃၀) တပ်လမ်းဆုံက အမှတ် (၈) လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းအပါအဝင် နေရာသုံးခုမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။

ထိခိုက်ပျက်စီးမှုအခြေအနေ တိတိကျကျကို RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကိုလည်း ဆက်သွယ်နေဆဲဖြစ်ပါတယ်။

ဒီဗုံးခွဲတိုက်ခိုက်ခဲ့မှုကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ဖိုးစောင့်တောင်လူငယ် ပြောက်ကျား တပ်ဖွဲ့ (နေပြည်တော်) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဗိဿနိုးနယ်မြေ ပြည်သူ့ ကာကွယ်ရေး တပ်မတော်က ဆိုပါတယ်။

ပြည်သူလူထုဘက်ကို မရပ်တည်တဲ့ စစ်သားနဲ့ ရဲတွေအပါဝင် အာဏာဖီဆန်ရေးလုပ်ရှားမှု (CDM) မှာ မပါဝင်သူများ၊ စစ်ကောင်စီနဲ့ ပတ်သက်နေတဲ့သူများ၊ သတင်းပေးဒလန်လုပ်နေသူများအားလုံးရဲ့ အသက် အိုးအိမ် စည်းစိမ်ကို လုံး၀တာဝန်ယူမှာမဟုတ်ဘူးလို့လည်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-10-28 03:59

ဘာမှမထိခိုက်ပ
ါဘူးအဖျက်အစီးတွေပါလမ်းဘေးမှာပေါက်တာနာမည်ကြီးအောင်လုပ်နေတာ