၂ဝ၂ဝ ရွေးကောက်ပွဲ နှစ်နှစ်ပြည့်

2022.11.07
Share on WhatsApp
Share on WhatsApp
၂ဝ၂ဝ ရွေးကောက်ပွဲ နှစ်နှစ်ပြည့် ရန်ကုန်မြို့ရှိ NLD ဗဟိုရုံးချုပ်ရှေ့တွင် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲအောင်နိုင်သည့်အထိမ်းအမှတ် အောင်ပွဲခံနေသည့် မြင်ကွင်းတစ်ခု။
Photo: Reuters

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲဟာ အခုဆိုရင် နှစ်နှစ် တင်းတင်း ပြည့်သွားခဲ့ပါပြီ။

0074.JPG
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ရွေးကောက်ပွဲအတွင်း နေပြည်တော်တွင် ဆန္ဒမဲပေးနေသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (Photo: AFP)

"ပြည်သူ့ဆန္ဒနဲ့အညီ ထုတ်ဖော်လာတဲ့ ရလဒ်ကို လက်ခံရမှာပဲ။ ဒါကတော့ ဘယ်လိုမှ ငြင်းလို့ မရဘူး လက်ခံရမှာပဲ" လို့ ၂၀၂၀ ရွေးကောက်ပွဲ မဲထည့်တဲ့နေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

001.jpg
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ရွေးကောက်ပွဲအတွင်း နေပြည်တော်တွင် ဆန္ဒမဲပေးခဲ့အပြီးတွေ့ရစဉ်။ (Photo: AFP)

ဒီလိုပြောပြီး သုံးလနီးပါးအကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ "ရွေး‌ကောက်ပွဲမှာ မဲမသမာမှု ရှိခဲ့တယ်" ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံအာဏာကို သိမ်းယူထားတာ အခုဆိုရင် ရက်ပေါင်း ၆၄၆ ရက်တိတိ ရှိသွားပါပြီ။

004.JPG
၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲအတွင်း ရန်ကုန်မြို့ရှိ မဲရုံတစ်ခုရှေ့တွင် ဆန္ဒမဲပေးရန် တန်းစီစောင့်ဆိုင်းနေကြသူများ။ (Photo: AFP)

အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် လူပေါင်း ၂၄ဝဝ ကျော်သေဆုံးခဲ့ရပြီး လူပေါင်း ၁၆ဝဝဝ ကျော်ဖမ်းဆီးခံခဲ့ရပါတယ်။

002 (2).JPG
၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲအတွင်း နေပြည်တော်တွင် ကြိုတင်ဆန္ဒမဲလက်မှတ် ရလဒ်များအား ရေတွက်နေစဉ်။ (Photo: Reuters)

၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီဟာ တစ်နိုင်ငံလုံး အတိုင်းအတာ ၈၀ ရာခိုင်နှုန်းကျော်နဲ့ အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

မဲဆန္ဒနယ် စုစုပေါင်း ၁၁၁၇ နယ် ရှိတဲ့ အထဲမှာ NLD ပါတီက ၉၂၀ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) က ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

003.jpg
၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲအတွင်း နေပြည်တော်တွင် ဆန္ဒမဲရလဒ်များ ရေတွက်နေစဉ်။ (Photo: Reuters)

တရားမျှတတဲ့ ရွေးကောက်ပွဲလို့လည်း နိုင်ငံတကာက သတ်မှတ်ခဲ့တာပါ။ ဒီရလဒ်ကို လက်မခံဘဲ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်ကတော့ ၂ဝ၂၃ ခုနှစ်ထဲမှာ ရွေးကောက်ပွဲပြန်ကျင်းပဖို့ လုပ်နေပါတယ်။

စစ်ကောင်စီက ကျင်းပတဲ့ ရွေးကောက်ပွဲကို လက်မခံဘူးလို့ အမေရိကန် အပါအဝင် နိုင်ငံတကာက ပြောထားပါတယ်။

006 (2).JPG
၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲအတွင်း ရန်ကုန်မြို့ရှိ မဲရုံတစ်ရုံတွင် ဆန္ဒမဲပေးနေသူတစ်ဦးအား တွေ့ရစဉ်။(Photo: AFP)

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မပျက်ပျက် အောင်ဖျက်မယ်၊ ဆန့်ကျင်မယ်လို့ အစိုးရအဖွဲ့ အစည်းအဝေးအတွင်း ပြောဆိုထားပါတယ်။

005 (2).jpg
၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲအတွင်း ရန်ကုန်မြို့ရှိ မဲရုံတစ်ရုံရှေ့တွင် ဆန္ဒမဲပေးရန် တန်းစီစောင့်ဆိုင်းနေကြသူများ (Photo: AFP)

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီထဲမှာလည်း အပြောင်းအလဲတွေ ရှိနေပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လူယုံ လူရင်းတွေ ပါဝင်လာပါတယ်။

008.JPG
ရန်ကုန်မြို့ရှိ NLD ဗဟိုရုံးချုပ်ရှေ့တွင် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲအောင်နိုင်သည့်အထိမ်းအမှတ် အောင်ပွဲခံနေသည့် မြင်ကွင်းတစ်ခု။ (Photo: Reuters)

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူပြန်ကျင်းပမယ့် ရွေးကောက်ပွဲကနေ သမ္မတအဖြစ် ရွေးကောက်ခံရဖို့ ကြိုးစားနေတယ်လို့ လေ့လာသူတွေက ပြောဆိုနေကြပါတယ်။

၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲပုံရိပ်တချို့ကို RFA က စုစည်းပြီး ပြန်လည်ဖော်ပြလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။