ရခိုင်မှာ အရေးပေါ်စားနပ်ရိက္ခာ ဆက်လက်ဖြန့်ဝေနေကြောင်း ကုလပြော

RFA Burmese
2024.04.08
ရခိုင်မှာ အရေးပေါ်စားနပ်ရိက္ခာ ဆက်လက်ဖြန့်ဝေနေကြောင်း ကုလပြော ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ အရေးပေါ်စားနပ်ရိက္ခာဖြန့်ဝေ ကူညီမှုပေးနေသည်ကို ၂၀၂၄ ခုနှစ် ဧပြီလ ၈ ရက်နေ့က ထုတ်ပြန်ထားစဉ်။
United Nations Myanmar

ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခဒဏ် ကြုံတွေ့နေကြရသူတွေထဲက လူပေါင်း နှစ်သောင်းခန့်ကို မတ်လ ၁၉ ရက်ကနေ ဧပြီလ ၈ ရက်အတွင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အရေးပေါ် စားနပ်ရိက္ခာတွေ ဖြန့်ဝေနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက မနေ့က ထုတ်ပြန်ပါတယ်။

ပြင်းထန်လာတဲ့တိုက်ပွဲတွေနဲ့ ဆက်သွယ်ရေးပြတ်တောက်မှုတွေကြားက ဖြန့်ဝေနိုင်ခဲ့တာလို့ ဆိုပါတယ်။ လာမယ့်သီတင်းပတ်တွေအတွင်းမှာလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ရိက္ခာ အထောက်အပံ့တွေ ဖြန့်ဝေသွားဖို့ စီစဉ်ထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရက္ခိုင့်တပ်တော် (AA/ULA) ကတော့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ သုံးသိန်းခြောက်သောင်းနီးပါး (၃၅၈,၂၀၀ ဦး) ရှိနေပြီး အဲဒီအထဲက ၃၀ ရာခိုင်နှုန်းလောက်သာ လူသားချင်း စာနာမှုအကူအညီတွေ ရရှိကြတယ်လို့ ဧပြီလ ၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

WFP အနေနဲ့ ရခိုင်ပြည်နယ်သာမက နိုင်ငံတစ်ဝန်းက အကူအညီလိုအပ်နေတဲ့ ဘယ်နေရာအတွက်မဆို အကူအညီတွေ ဆက်လက်ပေးနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းနေတယ်လို့လည်း မနေ့က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။