ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းကိုသွားမည်

2022.08.12
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းကိုသွားမည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Ukhia ရှိ Kutupalong ဒုက္ခသည်စခန်း စျေးတစ်ခုမှာ စျေးဝယ်နေကြသည့် ရိုဟင်ဂျာဒုက္ခသည်များကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့က တွေ့ရစဉ်
Photo: MUNIR UZ ZAMAN / AFP

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှဲလ် ဘက်ချလက်ဟာ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ဖိတ်ကြားချက်အရ မနက်ဖြန် သြဂုတ်လ ၁၄ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပထမဆုံးအကြိမ် တရားဝင်ခရီးသွားရောက်မယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။

မီရှဲလ် ဘက်ချလက်ရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်း ဒါကာမြို့မှာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ အခြားဝန်ကြီးတွေ၊ အမျိုးသား လူ့အခွင့်အရေးကော်မရှင်နဲ့ အခြား အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပြီး၊ အဲဒီနောက် ကောက်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်စခန်းကိုလည်း သွားရောက်မယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

လာမယ့် သြဂုတ်လ ၁၇ ရက် မီရှဲဘက်ချလက်ရဲ့ ခရီးစဉ် နောက်ဆုံးနေ့မှာတော့ ဒါကာမြို့မှာ သတင်းစာရှင်လင်းပွဲ ပြုလုပ်မယ်လို့လည်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။