စစ်ခေါင်းဆောင်တွေကို ဖိအားပိုပေးဖို့ ကုလအကြီးအကဲဟောင်း တိုက်တွန်း
RFA Burmese
2023.05.31
2023.05.31

Myanmar Military
အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်အောင် မြန်မာစစ်ခေါင်းဆောင်တွေကို သံတမန်ရေးအရ ပိုမိုဖိအားပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက မေ ၃၁ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။
မစ္စတာ ဘန်ကီမွန်းဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့လက ရုတ်တရက်သွားရောက်ခဲ့ပြီး သူဟာ စစ်တပ်အာဏာပိုင်တွေအပြင် လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့ဝင်တွေနဲ့ပါ အဆက်အသွယ်ရှိတယ်လို့ ပြောတဲ့အကြောင်း AP သတင်းက ဖော်ပြပါတယ်။
ဒါပေမဲ့ ဆက်သွယ်တဲ့လူတွေနဲ့ ပတ်သက်တဲ့ သဘောသဘာဝကို မပြောဘဲ စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတဲ့ အသေးစိတ်တွေကိုလည်း ထုတ်ဖော်ပြောကြားဖို့ ငြင်းဆန်ပါတယ်။
သူဟာ စစ်ခေါင်းဆောင်တွေ၊ အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင်း လက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှား သမ္မတနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG တို့ကို ဆက်လက် ဆက်သွယ်နေဆဲဖြစ်တယ်လို့လည်း မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။