အာဏာသိမ်းပြီးနောက် မူးယစ်ဆေးထုတ်လုပ်ဖြန့်ချိမှုအလွန်မြင့်တက်ခဲ့ကြောင်း UNODC ပြော

2022.05.30
အာဏာသိမ်းပြီးနောက် မူးယစ်ဆေးထုတ်လုပ်ဖြန့်ချိမှုအလွန်မြင့်တက်ခဲ့ကြောင်း UNODC ပြော ၂ဝ၂၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ဖမ်းဆီးရမိသော မူးယစ်ဆေးများအား မီးရှို့ဖျက်ဆီးသည့် အခမ်းအနားမြင်ကွင်းတစ်ခု။
Photo: AFP

အရှေ့အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ တစ်နှစ်အတွင်း ဖမ်းမိတဲ့ မက်သာဖက်တမင်းစိတ်ကြွမူးယစ်ဆေး အလုံးရေ သန်းတစ်ထောင်ကျော်ရှိတယ်လို့ ကုလသမဂ္ဂ UNODC က မနေ့က တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မူးယစ်မှောင်ခိုမှုတွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ထိုင်း-မြန်မာ-လာအို သုံးပွင့်ဆိုင် ရွှေတြိဂံနယ်မြေကနေ ရောင်းဝယ်ဖောက်ကားကြတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့်ရော၊ စစ်အာဏာသိမ်းမှုကြောင့်ပါ မတည်ငြိမ်တဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ရာဇဝတ်ဂိုဏ်းတွေက အခွင့်ကောင်းယူခဲ့ကြတာလို့ ဆိုပါတယ်။

စုစုပေါင်း ၁၇၂ တန်ဖမ်းမိတဲ့အတွက် ဒါဟာ ဆယ်စုနှစ်အတွင်း ဖမ်းမိတဲ့ ပမာဏရဲ့ ခုနစ်ဆကျော်ဖြစ်တယ်လို့လည်း UNODC ကပြောပါတယ်။ ဒီပမာဏဟာ မယုံကြည်လောက်စရာ ပမာဏဖြစ်တယ်လို့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ UNODC အကြီးအကဲ Jeremy Douglas က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဟာ စိတ်ကြွမူးယစ်ဆေး အဓိကထုတ်တဲ့နေရာ ဖြစ်နေပြီး အဲဒီကနေ လာအို၊ လာအိုကနေ ထိုင်း၊ ထိုင်းကနေ မလေးရှားကို ဖြန့်ဖြူးတယ်လို့လည်း UNODC ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။