တရုတ်က ဆက်ဆံလိုစိတ်ကင်းမဲ့မှုအတွက် အမေရိကန်ကာကွယ်ရေးဝန်ကြီး အထူးစိုးရိမ်

RFA Burmese
2023.06.03
တရုတ်က ဆက်ဆံလိုစိတ်ကင်းမဲ့မှုအတွက် အမေရိကန်ကာကွယ်ရေးဝန်ကြီး အထူးစိုးရိမ် စင်ကာပူတွင် ကျင်းပသော 20th IISS Shangri-La Dialogue ၏ ပထမစုံညီအစည်းအဝေးတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ၂၀၂၃ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် မိန့်ခွန်းပြောကြားနေစဉ်။
AFP

အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က တရုတ်စစ်တပ်ခေါင်းဆောင်တွေကို အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

သူက တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တာကို တရုတ် ကာကွယ်ရေးဝန်ကြီးက ငြင်းဆန်လိုက်ပြီးနောက် စင်ကာပူမှာကျင်းပတဲ့ ရှန်ဂရှီလာ အာရှ လုံခြုံရေးထိပ်သီးညီလာခံမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးက အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

တရုတ်နဲ့အမေရိကန်တပ်မတော် နှစ်ခုအကြား ပဋိပက္ခတွေဖြေရှင်းရေးအတွက် ပိုမိုကောင်းမွန်တဲ့ဆက်ဆံရေးထူထောင်ဖို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက လိုလိုလားလား မရှိတဲ့အပေါ်မှာ မိမိအနေနဲ့ အထူးစိုးရိမ်ပူပန်ပါတယ်လို့ ဝန်ကြီး လွိုက်အော်စတင် ကပြောပါတယ်။

တာဝန်သိတဲ့ ကာကွယ်ရေးခေါင်းဆောင်တွေအတွက် တွေ့ဆုံဆွေးနွေးသင့်တဲ့အချိန်ဆိုတာဟာ ကာလမရွေး ဖြစ်ပါတယ်။

မိမိတို့ တကယ်ဆွေးနွေးသင့်တဲ့ အချိန်ဆိုတာ အခုအချိန်ပါပဲ၊ မိမိတို့အချင်းချင်း ဆက်သွယ်ပြောဆိုမှု ရှိလေလေ၊ ပဋိပက္ခတွေကို ရှေးရှုနိုင်တဲ့ နားလည်မှု လွဲမှားတာတွေ၊ တွက်ချက်မှု လွဲမှားတာတွေကို ရှောင်ကြဉ်နိုင်လေလေ ဖြစ်ပါလိမ့်မယ်လို့လည်း သူကပြောပါတယ်။

သောကြာနေ့က ကျင်းပတဲ့ ညစာစားပွဲမှာ တရုတ်ဝန်ကြီးက အမေရိကန်ဝန်ကြီးနဲ့ လက်ဆွဲနှုတ်ဆက်ပေမယ့် စကားတစ်စုံတရာပြောဆိုခြင်း မရှိသလို ဆွေးနွေးဖို့လည်း အစီအစဉ်မရှိဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။