နိုင်ငံခြားငွေ လဲလှယ် နှုန်းပြောင်းဖို့ စီစဉ်နေ

မြန်မာကျပ်ငွေနဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းကို အစိုးရက တရားဝင်ဈေး ပြောင်းလဲ သတ်မှတ်မယ်လို့ သတင်းရရှိပါတယ်။

2011.07.28
dollar_bank_korea_305_Z ကိုရီးယား ငွေလဲလှယ်ရေးဘဏ်တွင် အမေရိကန် ဒေါ်လာ ရာတန်အုပ်များကို ဘဏ်အမှုထမ်းတဦး ရေတွက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဇူလိုင်လ ၂၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ဘဏ်များကြီးကြပ်ရေး ကော်မတီနဲ့ မြန်မာနိုင်ငံ ဘဏ်များအသင်း အစည်းအဝေးမှာ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဦးလှထွန်းက ပြောလိုက်တာလို့ ပြည်တွင်းထုတ် ဂျာနယ်တစောင်ကို ကိုးကားပြီး တရုတ် ဆင်ဟွာသတင်း တပုဒ်မှာ ရေးထားပါတယ်။

ပြည်တွင်းစီးပွားရေး ထိန်းညှိရေး၊ နိုင်ငံတကာနဲ့ စီးပွားရေး ဆက်ဆံမှုတွေမှာ အဆင်ပြေရေးနဲ့ ပြည်တွင်း နိုင်ငံခြား ငွေဈေးကွက် တည်ငြိမ်ရေးတွေကို ရည်ရွယ်တယ်လို့ဆိုပါတယ်။

နိုင်ငံခြားငွေ လဲလှယ် ရောင်းဝယ်တဲ့အခါ တည်ငြိမ်တဲ့ ငွေလဲနှုန်း သတ်မှတ်ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာနဲ့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။

ပြည်တွင်း ပြည်ပ ပေးချေနေရတဲ့ ငွေကြေးစနစ် ခေတ်မီ တိုးတက်ဖို့ကိုလည်း ပြည်တွင်း ပြည်ပ ကျွမ်းကျင်သူတွေပါတဲ့ အဖွဲ့က ဆောင်ရွက်နေတယ် လို့လဲ ဆိုပါတယ်။

နိုင်ငံခြားငွေ လဲလှယ်နှုန်းဟာ အမေရိကန် (၁) ဒေါ်လာကို မြန်မာကျပ်ငွေ (၆) ကျပ်နဲ့ ညီမျှတယ်ဆိုပြီး ၁၉၇၅ ခုနှစ်က စလို့ အသေ သတ်မှတ် ထားတာပါ။ ဒါပေမဲ့ ပြင်ပ ပေါက်ဈေးမှာ (၇၈၀) ကနေ (၁၀၀၀) ကျပ် ဝန်းကျင်ထိ ရှိခဲ့ပါတယ်။ အခုလပိုင်းတွေမှာ ဆိုရင် အမေရိကန် ဒေါ်လာဈေးကျပြီး မြန်မာငွေဈေး တက်နေတဲ့အတွက် ပို့ကုန် လုပ်ငန်းရှင်တွေ အထိနာနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-07-29 07:08

နိုင်ငံခြားမှာ အလုပ်လုပ် ငွေရှာနေတဲ့လူတွေ သေရောပေါ့...

Anonymous
2011-07-28 12:24

Sleeping for so long,morethan 30 years ready. Why suddenly wake up? Might just continued pretend sleeping for another 30 years.