အဓမ္မအလုပ်ခိုင်းစေမှုနဲ့ တရုတ်ကုမ္ပဏီနှစ်ခုက ပို့ကုန်တွေ အမေရိကန်ပိတ်ပင်

2023.08.01
အဓမ္မအလုပ်ခိုင်းစေမှုနဲ့ တရုတ်ကုမ္ပဏီနှစ်ခုက ပို့ကုန်တွေ အမေရိကန်ပိတ်ပင် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ဆိပ်ကမ်းအား ၂၀၁၉ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က တွေ့ရစဉ်။
AFP

လုပ်ငန်းခွင် အဓမ္မခိုင်းစေမှု ပပျောက်စေဖို့ ရည်ရွယ်ပြီး တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီနှစ်ခုရဲ့ ထုတ်ကုန်တွေ အမေရိကန်ပြည်ထောင်စုထဲ တင်သွင်းခွင့် ပိတ်ပင်မယ်လို့ အမေရိကန်အစိုးရ ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနက အင်္ဂါနေ့က ကြေညာပါတယ်။

အမေရိကန်ကုမ္ပဏီတွေအတွက် ကုန်ကြမ်းတင်ပို့နေတဲ့ တရုတ်ဘက်ထရီထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ Camel ကုမ္ပဏီအုပ်စုနဲ့ ဟင်းခတ်အမွှေးအကြိုင်ထုတ်တဲ့ Chenguang Biotech ကုမ္ပဏီအုပ်စု နှစ်ခုကို ပိတ်လိုက်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံတွင်း ဝီဂါလူမျိုးတွေအပါအဝင် လူနည်းစုတိုင်းရင်းသားတွေအပေါ် ကျူးလွန်နေဆဲ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ လူသားမျိုးနွယ်စုတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိလာအောင် ရည်ရွယ်ပြီး အခုလို ဒဏ်ခတ်လိုက်တာလို့ ထုတ်ပြန်ချက်မှာ ပါပါတယ်။

ဝီဂါလူမျိုးတွေ အဓမ္မ အလုပ်ခိုင်းစေခံနေရတာကို တားဆီးရေး အမေရိကန်လွှတ်တော်ဥပဒေနဲ့အညီ တရုတ်ကုမ္ပဏီပေါင်း ၂၄ ခုကို ဒဏ်ခတ် အရေးယူထားပြီဖြစ်တယ်လို့လည်း အမေရိကန်အမိမြေလုံခြုံရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။