အမေရိကန်ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် နှစ်လည်အစီရင်ခံစာထုတ်ပြန်

2022.12.15
အမေရိကန်ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် နှစ်လည်အစီရင်ခံစာထုတ်ပြန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုတုပလောင်ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြသူများကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။
MUNIR UZ ZAMAN / AFP

အမေရိကန်ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် (USCIRF) ရဲ့ ၂၀၂၂ ခုနှစ်အတွက် အစီရင်ခံစာကို ဒီဇင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန် လိုက်ပြီး အစီရင်ခံစာမှာ မြန်မာနိုင်ငံက ဘာသာရေးလွတ်လပ်ခွင့်အခြေအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်စခန်းက အခြေအနေတွေကို မီးမောင်းထိုးပြထားပါတယ်။

ကော်မရှင်အနေနဲ့ ၂၀၂၂ ခုနှစ်အတွင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံဒုက္ခသည်စခန်းကို သွားရောက် ခဲ့ပြီး ဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရပိုင်းက မှတ်တမ်းပြုစုမှုအခြေအနေ၊ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်နိုင်ရေး ကိစ္စတွေနဲ့ပတ်သက်ပြီး အစိုးရဌာနဆိုင်ရာတွေ၊ သက်ဆိုင်သူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေ၊ အထူးသဖြင့် လူနည်းစုတိုင်းရင်းသားတွေရဲ့ ဆိုးဝါး လာနေတဲ့ ဘာသာရေးကိုးကွယ်မှုဆိုင်ရာ အခြေအနေတွေကို ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံက လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားတွေအရ အမေရိကန်အစိုးရအနေနဲ့ ဆက်လက် လုပ်ဆောင်သင့်တာတွေကို အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့လည်း ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။