မှော်ဘီလယ်သမားတွေကို ဦးရွှေမန်း ကတိပေး


2014.12.31
ushweman-305.jpg ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းပုံ
photo: RFA/ Win Naung Toe

မြန်မာနိုင်ငံရဲ့ မြေယာမြေသိမ်းဆည်းမှု ပြဿနာတွေကို အစိုးရအပြင် လွှတ်တော်ကပါ တာဝန်ယူဖြေရှင်းပေးဖို့ လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အားကစားကွင်း မှာကျင်းပတဲ့ တောင်သူလယ်သမားရေးရာ လူထုတေ့ွဆုံ ပွဲမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားခဲ့တာပါ။

လယ်ယာမြေပြဿနာတွေကို လက်ရှိပြဌာန်းထားတဲ့ လယ်ယာမြေဥပဒေနဲ့အညီ ဖြေရှင်းပေးဖို့ လိုအပ်ကြောင်းနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီထံ တိုင်ကြားမှုတွေကို လည်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းလည်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောခဲ့ပါတယ်။

တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲကို မှော်ဘီမြို့နယ် ပြည်ထောင်စု ကြံံ့ခိုင်ရေးနှင့် ဖံ့ွဖြိုးရေးပါတီက ပါတီဝင်တွေနဲ့ ဒေသခံလယ်သမားတွေ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။