မြန်မာရောက် သူ့နိုင်ငံသားတွေလုံခြုံရေး ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာန သတိပေး
2024.08.08
ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာ ဘင်္ဂလားဒေ့ရှ်နဲ့ အရှေ့အလယ်ပိုင်းမှာရှိတဲ့ သူ့နိုင်ငံသားတွေကို လုံခြုံရေးအတွက် အစွမ်းကုန်အကာအကွယ်ပေးဖို့ သက်ဆိုင်ရာ နိုင်ငံက အာဏာပိုင်တွေကို ဗီယက်နမ်သံရုံးတွေက မေတ္တာရပ်ခံထားတယ်လို့ Vietnam News က သြဂုတ် ၈ ရက်က ဖော်ပြပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးချက်တွေ ထုတ်ပြန်တာဖြစ်ပြီး ဒီပဋိပက္ခနယ်မြေတွေက အကြမ်းဖက်မှု ဖြစ်ပွားနေတဲ့ နေရာတွေကနေ ဗီယက်နမ်နိုင်ငံသားတွေ နေရာရွှေ့ပြောင်းဖို့ အကူအညီပေးနေတယ်လို့ ဆိုပါတယ်။
မဖြစ်မနေ အမှန်တကယ်လိုအပ်တာကလွဲလို့ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်လို အခြေအနေရှုပ်ထွေးနေတဲ့ နေရာတွေကိုရှောင်ဖို့ သူ့နိုင်ငံသားတွေကို နိုင်ငံခြားရေးဌာနက ဆက်လက် ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။ တကယ်လို့ အဲဒီနေရာတွေမှာ ဗီယက်နမ်တွေ ရောက်ရှိနေရင် အမြန်ထွက်ခွာသင့်ကြောင်း ပြောပါတယ်။
အရှေ့အလယ်ပိုင်း အထူးသဖြင့် အစ္စရေး၊ အီရန်နဲ့ လက်ဘနွန်ရောက် ဗီယက်နမ်တွေကတော့ ခုထိ လုံခြုံနေတယ်လို့ ဆိုပါတယ်။