ကလေးမြို့မှာ သေနတ်သံနဲ့ဗုံးသံတွေကြောင့် မီးဖွားပြီးခါစ အမျိုးသမီးတစ်ဦး သေဆုံး

2021-05-11
Share
ကလေးမြို့မှာ သေနတ်သံနဲ့ဗုံးသံတွေကြောင့် မီးဖွားပြီးခါစ အမျိုးသမီးတစ်ဦး သေဆုံး သေနတ်သံနဲ့ဗုံးသံကြောင့် မီးဖွားပြီးခါစ သေဆုံးခဲ့တဲ့ ဒေါ်ဇာခြည်ဦး ကို တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း ကလေးမြို့မှာ မေ ၁၀ ရက်နေ့ မနေညက သေနတ်သံနဲ့ဗုံးသံကြောင့် မီးဖွားပြီးခါစ အသက် ၄၁ နှစ်အရွယ် ဒေါ်ဇာခြည်ဦး ဆိုသူ သေဆုံးသွားတယ်လို့ သူ့ခင်ပွန်းဖြစ်သူက ပြောပါတယ်။

ပစ်ခတ်တဲ့အသံတွေ ကြားရတဲ့နေရာတွေကတော့ ကလေးမြို့ဆေးရုံအနီးတဝိုက်နဲ့ ကလေး-ကလေးဝ လမ်းမ နေရာတွေမှာဖြစ်ပြီး သူတို့အိမ်ဟာ ဆေးရုံအရှေ့ဘက်က မင်္ဂလာဥယျာဉ် ရပ်ကွက်ထဲမှာ နေထိုင်ကြလို့ ပစ်ခတ်ပေါက်ကွဲသံတွေ ကြားနေရတာလို့ ပြောပါတယ်။

ဒေါ်ဇာခြည်ဦးဟာ မီးဖွားပြီးတာ တစ်လနဲ့ ၈ ရက်သာရှိသေးပြီး မူလနှလုံးရောဂါအခံရှိသူလည်း ဖြစ်တယ်လို့ ခင်ပွန်းဖြစ်သူက ပြောပါတယ်။

တစ်လသားအရွယ် ကလေးတစ်ယောက်ကျန်ရစ်ပြီး သူ့ရဲနာရေးကို ပြင်သာသုသာန်ကို မြေမြှုပ်သင်္ဂြိုဟ်မယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့