စစ်ကောင်စီကြောင့် ဇူလိုင်လအတွင်း အမျိုးသမီး ၂၁ ဦးသေဆုံး

RFA Burmese
2023.08.05
စစ်ကောင်စီကြောင့် ဇူလိုင်လအတွင်း အမျိုးသမီး ၂၁ ဦးသေဆုံး ဝက်လက်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၆ ရက်က တွေ့ရစဉ်။
ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ဇူလိုင်လအတွင်း နိုင်ငံတစ်ဝန်းက အမျိုးသမီး ၂၁ ဦး သေဆုံးခဲ့တယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂ (BWU) ဩဂုတ်လ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၁ ဦး၊ လက်နက်ငယ်နဲ့ ပစ်ခတ်တာကြောင့် ခြောက်ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးဦးနဲ့ မီးရှို့သတ်ဖြတ်မှုကြောင့်တစ်ဦး စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအပြင် အမျိုးသမီး ၁၉ ဦး ဖမ်းဆီးခံခဲ့ရပြီး ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေက အမျိုးသမီးတွေ ဖမ်းဆီးခံရတာပါ။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦးက အာဏာသိမ်းပြီး နောက်ပိုင်း အမျိုးသမီးတွေရဲ့ ဘဝဟာ လုံခြုံမှု မရှိတော့ဘူးလို့ ပြောပါတယ်။

"စစ်ကြောင်းတွေကို ကြောက်ရတာ တစ်မျိုး၊ စစ်ဘေးရှောင်ရင်း တခြားအရပ်သား ယောက်ျားတွေက မထိတထိ စတာကို ခံရတာတစ်မျိုးနဲ့ စိတ်အရမ်းညစ်တယ်။ မလုံခြုံတော့တဲ့ အခြေအနေ မဟုတ်တော့ဘူး၊ လုံးဝကို မလုံခြုံတော့တာပါ "

ဖမ်းဆီးခံရတဲ့ အမျိုးသမီး တချို့ဆိုရင် စစ်ကောင်စီ တပ်သားတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားတာ ခံရတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ အမျိုးသမီး ၃,၆၄၇ ဦး ဖမ်းဆီးခံထားရတယ်လို့ မြန်မာအမျိုးသမီး သမဂ္ဂ (BWU) က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။