မြန်မာ့စီးပွားရေးကဏ္ဍ စစ်အာဏာမသိမ်းခင်ကထက် နိမ့်ကျ

RFA Burmese
2023.01.30
မြန်မာ့စီးပွားရေးကဏ္ဍ စစ်အာဏာမသိမ်းခင်ကထက် နိမ့်ကျ ၂ဝ၂၂ ခုနှစ် သြဂုတ်လက ရန်ကုန်မြို့တွင် ဈေးနည်းသည့် စားသုံးဆီဝယ်ယူနိုင်ရန် တန်းစီစောင့်ဆိုင်းနေကြသူများ။
AFP

မြန်မာ့စီးပွားရေးဟာ မနှစ်ကအတိုင်း ဒီနှစ်လည်း ၃ ရာခိုင်နှုန်း တိုးလာနိုင်ဖွယ်ရှိပေမယ့် ၂ဝ၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်ကာလထက် နိမ့်ကျနေဆဲပဲလို့ ကမ္ဘာ့ဘဏ်က ဇန်နဝါရီလ ၃ဝ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

ကိုဗစ်ကပ်ရောဂါ မကျရောက်ခင်ကနဲ့ စစ်အာဏာမသိမ်းခင်ကာလကထက် မြန်မာ့စီးပွားရေးက ၁ဝ ရာခိုင်နှုန်းကျော် ကျဆင်းနေဦးမယ်လို့လည်း ခန့်မှန်းပါတယ်။

၂ဝ၂၂ ခုနှစ် ဇူလိုင်လကတည်းက မြန်မာကျပ်ငွေတန်ဖိုး ထိုးကျလာခဲ့ပြီး ဒီဇင်ဘာလမှာ ပြီးခဲ့တဲ့နှစ်နှစ်ကထက် ၅ဝ ရာခိုင်နှုန်း လျော့ကျသွားခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

သွင်းအားစုရှားပါးတာ၊ ဝယ်လိုအား လျော့နည်းတာတွေကြောင့် ၂ဝ၂၃ ဘဏ္ဍာနှစ်မှာ လူတစ်ဦးချင်းရဲ့ GDP ဟာ ၂ဝ၁၉ ခုနှစ်ကထက် ၁၃ ရာခိုင်နှုန်း လျော့ကျနေဦးမယ်လို့လည်း ခန့်မှန်းထားပါတယ်။

လောလောဆယ်ဖြစ်ပွားနေတဲ့ ပဋ္ဋိပက္ခတွေကြောင့် လူမှုဘဝနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေအပေါ် ထိခိုက်စေပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်တာကလည်း စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်ထိခိုက်စေတယ်လို့ ဆိုပါတယ်။

လုံခြုံရေးအခြေအနေတွေ၊ အကြမ်းဖက်မှုတွေနဲ့ စစ်ဆေးရေးဂိတ်တွေ များလာတဲ့အတွက် ကုန်စည်သယ်ယူပို့ဆောင်ရေး အဟန့်အတား ဖြစ်ရတယ်လို့လည်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။