ပြည်တွင်းမှာ ချီးမြှင့်မယ့် ပထမဆုံး မြန်မာစာနယ်ဇင်းဆု

ပြည်တွင်း သတင်းစာဆရာတချို့ စုပေါင်းပြီး မြန်မာပြည်မှာ ရေးသားထုတ်ဝေနေတဲ့ သတင်း စာစောင်တွေထဲက ထူးချွန်ပြောင်မြောက်တဲ့ စာနယ်ဇင်းသမားတွေရဲ့ လက်ရာတွေကို (၅) မျိုး ခွဲခြားကာ နှစ်စဉ် ဆုရွေးချယ်ချီးမြှင့်သွားမယ်လို့ သိရပါတယ်။

2010.12.26

ဒီဆုချီးမြှင့်ရေး စီစဉ်ရာမှာ ပါဝင်သူ သတင်းစာဆရာ ဦးကျော်ရင်မြင့်က RFA ကို အခုလို ပြောပါတယ်။

“ဆုက ငါးမျိုး ရှိမှာပါ။ ပထမတဆုကတော့ Hard News တွေကို ပေးမှာပါ။ နောက်တမျိုးကတော့ Features တွေကို ပေးမှာပါ။ သတင်းဆောင်းပါးတွေရယ်၊ သတင်းထူး သတင်းဦးတွေရယ်။ နောက်တခုကတော့ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးေတွေ သတင်းတွေ ရေးတဲ့သူကို ပေးမယ့်ဆုပါ။ နောက်တခုကတော့ ကာတွန်းတွေပါ”

ဒီဆုကို ရွေးချယ်ပေးအပ်ဖို့ စီစဉ်သူတွေကတော့ သတင်းစာဆရာ ဦးကျော်ရင်မြင့်၊ စာရေးဆရာညီပုလေး၊ ကာတွန်းဆရာ အော်ပီကျယ်၊ ဒီဇိုင်းဆရာ စိုးဝင်းငြိမ်း၊ အယ်ဒီတာ ဦးရဲနိုင်မိုးတို့ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် အဖြစ် ၂၀၁၀ ခုနှစ်အတွက် ဆုရွေးချယ် ချီးမြှင့်ပွဲကို လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက် ၁၀ နာရီမှာ ရန်ကုန်မြို့ ဗဟန်း၊ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီ သီရိခန်းမမှာ ပြုလုပ်မယ်လို့ သိရပါတယ်။

စာနယ်ဇင်းတွေမှာ ကြိုးကြိုးစားစား ဆောင်ရွက်နေတဲ့ လူငယ်တွေကို အားပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဆုကို ပေးအပ်သွားမှာ ဖြစ်ပြီး၊ ပြည်တွင်းခွင့်ပြုချက်နဲ့ ပုံနှိပ် ထုတ်ဝေထားတဲ့ ဂျာနယ်တွေထဲက သတင်း ဆောင်းပါး တွေ၊ ဓာတ်ပုံ ကာတွန်းတွေကို အခြေခံပြီး ဆုချီးမြှင့်မှာ ဖြစ်တယ်လို့ ဦးကျော်ရင်မြင့်က ပြောပါတယ်။

ဒီ မြန်မာစာနယ်ဇင်း ဆုသစ်နဲ့ ပတ်သက်လို့ သတင်းစာဆရာ၊ စာရေးဆရာ ဦးကျော်ရင်မြင့်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-12-27 14:37

သိပ်ကောင်းတဲ့ အချိန်ကိုက် ဉီးဆောင် မှု့လုပ်ရပ် ပါ