မြင်းခြံက ဓာတ်အားပေးစက်ရုံတွေပိတ်လို့ ရန်ကုန်မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်

RFA Burmese
2024.08.13
မြင်းခြံက ဓာတ်အားပေးစက်ရုံတွေပိတ်လို့  ရန်ကုန်မှာ လျှပ်စစ်ဓာတ်အားပြတ်တောက် ရန်ကုန်မြို့တွင် လျှပ်စစ်မီးပျက်ချိန် ဖယောင်းတိုင် အသုံးပြုနေသည့် မြို့ခံတစ်ဦးအား ၂ဝ၂၂ ခုနှစ်နှောင်းပိုင်းက တွေ့ရစဉ်။
AFP

မန္တလေးတိုင်း မြင်းခြံမြို့က သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှစ်ရုံ ပိတ်လိုက်တာကြောင့် ဓာတ်အား (၄၉၂၀) မဂ္ဂါဝပ် လျော့နည်းခဲ့ရပြီး ရန်ကုန်တိုင်းမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မယ်လို့ ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းက သြဂုတ် ၁၃ ရက်က ထုတ်ပြန်ပါတယ်။

Sembcorp သဘာ၀ဓာတ်အားသုံးစက်ရုံ (မြင်းခြံ)နဲ့ V- Power သဘာ၀ဓာတ်ငွေ့သုံးစက်ရုံ (မြင်းခြံ)တို့ သြဂုတ်လ ၁၂ ရက်က ပိတ်လိုက်တာကြောင့်လို့ ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းက ထုတ်ပြန်ပါတယ်။

အဲဒီ ဓာတ်အားပေးစက်တွေ ပိတ်ထားတဲ့ကာလတွေမှာ ရေအားလျှပ်စစ်စက်ရုံတွေက ဓာတ်အားဖြည့်တင်းတာ၊ အရေးပေါ်ဝန်အားထိန်းညှိတာ၊ ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့မှာ သုံးစွဲဝန်အားထက် လျှော့ချပြီး ဓာတ်အားဖြန့်ဖြူးပေးတာနဲ့ စက်မှုဇုန်တွေကို ညပိုင်းမှာ ဓာတ်အားလျှော့ချ ဖြန့်ဖြူးပေးတာတွေ ဆောင်ရွက်နေကြောင်းနဲ့ ယာယီဓာတ်အားပြတ်တောက်တာတွေ ဖြစ်ပေါ်မဲ့အကြောင်းလည်း ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားပေးနေတဲ့ ရေအားလျှပ်စစ်စက်ရုံ ၂၉ ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၇ ရုံ၊ ကျောက်မီးသွေးသုံးစက်ရုံ နှစ်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံးစက်ရုံ ခြောက်ရုံကနေ နိုင်ငံတစ်ဝန်း လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနေတာဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၇ ရုံရှိတဲ့ထဲက အခု နှစ်ရုံပိတ်လိုက်တာကြောင့် သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၅ ရုံသာ လည်ပတ်တော့မှာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။