ရေစကြိုမြို့နယ် ရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရ

2021.09.10
ရေစကြိုမြို့နယ် ရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဥ်
Photo: RFA

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ဖောင်တော်ဦးရပ်မှာရှိတဲ့ ရေစကြိုမြို့နယ်ရဲစခန်းကို စက်တင်ဘာလ ၉ ရက် မနေ့ည ၉ နာရီဝန်းကျင်လောက်မှာ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်နဲ့ Fight For Justice Yesagyo (FFJ-YSO) တို့ ပူးပေါင်းပြီး ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ နှစ်ဖွဲ့ပေါင်း ကြေညာချက် ထုတ်ပြန်ပါတယ်။

ရဲစခန်းအနီးမှာနေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးကလည်း ရဲစခန်းဗုံးပေါက်တာ မှန်ကန်တယ်လို့ RFA ကို ပြောပါတယ်။

“ရဲစခန်းမှာ ဗုံးပေါက်တာ ဟုတ်ပါတယ်၊ ညကြီးဆိုတော့ အပြင်ထွက်လို့မရလို့ ထိခိုက်ပျက်စီးမှုတွေတော့ မသိရသေးဘူး” လို့ ဒေသခံက ဆိုပါတယ်။

ဗုံးပေါက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထိခိုက်မှုအခြေအနေကို တိတိကျကျသိရဖို့ ရေစကြိုမြို့နယ်ရဲစခန်းထံ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခဲ့ခြင်းမရှိပါဘူး။

မနေ့ ညနေ ၅ နာရီဝန်းကျင်မှာလည်း မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲက စစ်ကောင်စီရဲ့ ဆက်သွယ်ရေး တပ်နဲ့ စစ်လက်နက်သိုလှောင်တဲ့တပ်တွေကို သွယ်တန်းပေးထားတဲ့ 33 KVA ဓာတ်အားခွဲရုံကို ဗိဿနိုးနယ် မြေ ကာကွယ်ရေးတပ်က ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။