ပေါ့ဒ်ကတ်စ် (Podcasts)
လွတ်လပ်တဲ့အာရှအသံ (RFA) ရဲ့ သတင်းအစီအစဉ်တွေကို ပေါ့ဒ်ကတ်စ်နဲ့ နားထောင်နိုင်ပါတယ်၊ ပေါ့ဒ်ကတ်စ် ဆိုတာဟာ သတင်းအစီအစဉ်တွေကို မိမိရဲ့ကွန်ပြူတာ ဒါမှမဟုတ် အပေါ့စား အိတ်ဆောင် MP3 player ကိရိယာတွေကို ကူးယူပြီး အလွယ်တကူ နားထောင်နိုင်တဲ့ စနစ်ဖြစ်ပါတယ်။
ပေါ့ဒ်ကတ်စ်ရဲ့ အားသာချက်က၊ အသံလွှင့်အစီအစဉ်တွေကို မိမိရဲ့ MP3 playerထဲကို ကူးယူပြီး ကွန်ပြူတာ ရှေ့မှာ တစ်ချိန်လုံး ထိုင်နေစရာမလိုဘဲ လမ်းသွားရင်း၊ ကားစီးရင်း၊ ရထားစီးရင်း နားထောင် နိုင်ပါတယ်၊ ကိုယ်ကြိုက်တဲ့အစီအစဉ်ကို စုဆောင်းသိမ်းဆည်း ထားနိုင်ပါတယ်။
တနည်းအားဖြင့် ကိုယ်နားထောင်ချင်တာကို နားထောင်ချင်တဲ့အချိန်မှာ နားထောင်နိုင်တဲ့အတွက် ပေါ့ဒ်ကတ်စ်ကို ‘စိတ်တိုင်းကျ ရေဒီယို’ လို့လည်း ခေါ်နိုင်ပါတယ်။
ပေါ့ဒ်ကတ်စ်ကို ဘယ်လိုနားထောင်နိုင်သလဲ?
ဒီစနစ်နဲ့ နားထောင်မယ်ဆိုရင်၊ အောက်မှာဖော်ပြထားတဲ့ URLကို မိမိရဲ့ ပေါ့ဒ်ကတ်စ်ဆော့ဖ်ဝဲမှာ ကူးယူထားပြီး သတင်းအစီအစဉ်တွေကို အမြဲတမ်းရယူ နားထောင်နိုင်ပါတယ်။ မြန်မာဘာသာ အသံလွှင့်အစီအစဉ်အတွက် ကူးယူဖို့ လိပ်စာကတော့…
https://podrepo.rfa.org/B-DAILY/B-DAILY.rss
ပေါ့ဒ်ကတ်စ်မှာကြားတဲ့ ဆော့ဖ်ဝဲ (podcast subscription software) ကို အင်တာနက်ထဲက ထုတ်ယူပြီး မိမိရဲ့ကွန်ပြူတာထဲမှာ ထည့်ထားရပါမယ်။ အဲဒီလို ဆော့ဖ်ဝဲတွေ တခါတည်းပါဝင်တဲ့ နောက်ဆုံးထုတ် Apple's iTunes ကို သုံးနိုင်ပါတယ်။ ဒါမှမဟုတ်၊ အလားတူ ဆော့ဖ်ဝဲလ်တွေ ဖြစ်တဲ့ Juice ဖြစ်စေ၊ Apple ကွန်ပြူတာ သုံးသူတွေအတွက် Odeo ဖြစ်စေ သုံးနိုင်ပါတယ်။ မိမိရဲ့ကွန်ပြူတာမှာမဟုတ်ဘဲ၊ တခြားမှာ ပေါ့ဒ်ကတ်စ်ကို နားထောင်ချင်ရင် MP3 player လို အိတ်ဆောင် မီဒီယာဖွင့်စက် (portable media player) တွေထဲကို ကူးယူဖို့ လိုပါတယ်။ အဲဒီ့လို ကူးယူဖို့အတွက် မိမိအသုံးပြုနေတဲ့ ပေါ့ဒ်ကတ်စ်ဆော့ဖ်ဝဲရဲ့ အသုံးပြုနည်းနာတွေမှာ ကြည့်စေလိုပါတယ်။
ပေါ့ဒ်ကတ်စ်ကို ဘယ်လို မှာကြားရမလဲ?
ပေါ့ဒ်ကတ်စ်မှာကြားတဲ့ ဆော့ဖ်ဝဲလ်ကို ကွန်ပြူတာမှာ ဒေါင်းလုတ် ထည့်သွင်းပြီးတဲ့အခါ RFA) မြန်မာပိုင်းအစီအစဉ်ရဲ့ ပေါ့ဒ်ကတ်စ်လိပ်စာ (URL) ကို မိမိသုံးမယ့် ဆော့ဖ်ဝဲထဲကို ကူးယူရပါမယ်။ အသုံးများတဲ့ ဆော့ဝဲတွေက Juice, iTunes, Odeo တို့ ဖြစ်ပါတယ်။
အကူအညီလိုပါသလား?
RFA ရဲ့ ပေါ့ဒ်ကတ်စ်စနစ်နဲ့ ပတ်သက်လို့ မေးစရာရှိရင်၊ မှတ်ချက်ပေးလိုရင် burweb@rfa.org ကို စာရေးဆက်သွယ်နိုင်ပါတယ်။