
ဆရာတော်ကြီးတွေအနေနဲ့ သတ်ဖြတ်မှုတွေကို တားမြစ်ပေးဖို့ ပြည်သူတွေလိုလား
လက်ရှိဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ရဲတွေက ဥပဒေမဲ့ သတ်ဖြတ်မှုနေရချိန်မှာ သြဇာတိက္ကမကြီးမားတဲ့ ဆရာတော်ကြီးတွေ အနေနဲ့ မိမိတို့ရဲ့ ဒါယိကာ ဒါယိကာမတွေဖက်က ဝင်ရောက်ရပ်တည်ပြီး အာဏာသိမ်းစစ်အုပ်စုကို မိန့်ကြား တားမြစ်သင့်တယ်လို့ ပြည်သူတွေ နဲ့ ဆရာတော် အများအပြားက ရှုမြင်နေကြပါတယ်။
သြစတေးလျနဲ့ မြန်မာစစ်တပ် ဆက်ဆံရေး
2021-03-04ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြရုံသက်သက်နဲ့ လက်နက်မဲ့သူတွေ၊ အပြစ်မဲ့ပြည်သူတွေကို လက်ဖြောင့်သေနတ်သမားက ခေါင်းတည့်တည့်ပစ်၊ ကျည်အစစ်တွေ၊ လေယဉ်တွေပါ သုံးပြီး အကြမ်းဖက်ဖြိုခွင်းနေတဲ့ မြန်မာစစ်တပ်နဲ့ ကမ္ဘာ့ ၁၃ နိုင်ငံဟာ စစ်ရေးသင်တန်း ဒါမှမဟုတ် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေတယ်လို့ Burma Campaign –UK ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့က ဒီလ ၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။
အကြမ်းဖက်ဖြိုခွဲလည်း စစ်အာဏာရှင်တွေကို ပြည်သူတိုက်ထုတ်လို
2021-02-28ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မနေ့က အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို စစ်တပ် နဲ့ ရဲက ကျည်ဆန်အစစ်တွေအပါအဝင် ရာဘာကျည်တွေ မျက်ရည်ယိုဗုံးတွေနဲ့ ရက်ရက်စက်စက် ပစ်ခတ်နှိမ်နှင်းခဲ့တာကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့အတော် များများမှာ သေဆုံးသူ ၁၈ ဦး ထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရသူ၊ ဖမ်းဆီးခံရသူတွေ အများအပြားရှိခဲ့ပါတယ်။
RFA သတင်းထောက် ဦးအောင်မိုးမြင့် ကွယ်လွန်
လွတ်လပ်တဲ့အာရှအသံ RFA သတင်းဌာနရဲ့ ထိုင်းနိုင်ငံအခြေစိုက် သတင်းထောက်တစ်ဦး ဖြစ်တဲ့ ဦးအောင်မိုးမြင့်ဟာ ၂ဝ၂ဝ ပြည့်နှစ် မေလ ၁၆ ရက်နေ့က ချင်းမိုင်မြို့ဆေးရုံကြီးမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
RFA သတင်းထောက် ကိုကံသာ David Burke ဆုရရှိ
အမေရိကန်အစိုးရရဲ့ “အမေရိကန်ပြည်ထောင်စု အခြေစိုက် ကမ္ဘာသတင်းမီဒီယာများဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (USAGM)” က စွမ်းဆောင်ရည်ရှိတဲ့ သတင်းထောက်တွေကို ချီးမြှင့်တဲ့ David Burke ဂုဏ်ပြုဆုကို RFA မြန်မာဌာနက လားရှိုး အခြေစိုက် သတင်းထောက် ကိုကံသာ ကို ဒီနှစ်အတွက် ရွေးချယ်ဆုချီးမြှင့်လိုက်ပါတယ်။