ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ တွေ့ဆုံမှုအကြောင်း သုံးသပ်ချက်
2017.12.03
တရုတ်နိုင်ငံက အကောင်အထည်ဖော်နေတဲ့ ခေတ်သစ် ပိုးလမ်းမ စီမံကိန်းကို ပူးပေါင်းပါဝင်ဖို့ မြန်မာနိုင်ငံက ဒီနှစ်ထဲမှာ သဘောတူ လက်မှတ်ထိုးလိုက်တဲ့အတွက် မြစ်ဆုံရေးအားလျှပ်စစ် စီမံကိန်းကို အပြီးရပ်ဆိုင်းဖို့ ညှိနှိုင်းလို့ ရနိုင်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေ လက်ရှိအချိန်မှာ ထွက်ပေါ်နေပါတယ်။ လတ်တလော နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တေ့ွဆုံမှုတွေ ရှိနေပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေး လေ့လာသုံးသပ်သူတွေနဲ့ နိုင်ငံရေး သမားအချို့ရဲ့ အမြင်ကို RFA သတင်းထောက် ကိုကျော်စိုးလင်းက စုစည်းတင်ပြထားပါတယ်။