Great Well ဖိနပ်စက်ရုံကိစ္စ ပြေလည်မှုမရသေး
2018.10.23
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် Great Well ဖိနပ်စက်ရုံ အလုပ်သမား ၇၆ ဦး လုပ်ခလစာ မရတဲ့ကိစ္စနဲ့ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးဇော်အေးမောင်နဲ့ အလုပ်သမားတွေ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် အဆင်မပြေခဲ့ကြဘူးလို့ သိရပါတယ်။ RFA သတင်းထောက် ကိုအောင်သိင်္ခ တင်ပြထားပါတယ်။