စစ်ကောင်စီတပ်ရဲ့အစုပြုံလိုက်သတ်ဖြတ်မှုတွေကို အရေးယူနိုင်ဖို့ NUG ကြိုးစားနေ
RFA Burmese
2023.03.03
2023.03.03

လက်နက်ကိုင် ခုခံတော်လှန်မှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၁၄ မြို့နယ်မှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးတဲ့နောက်မှာ အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရ တာတွေတိုးလာနေပါတယ်။
မတ်လ ၂ ရက် မနေ့က စစ်ကိုင်းမြို့နယ် တာတိုင်ရွာက ဒေသခံ ၁၄ ဦး၊ မြင်းမူမြို့နယ် ညောင်ရင်းရွာခံ တစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခံရပြီး၊ ဒီနေ့ မတ်လ ၃ ရက်နေ့မှာတော့ ဝက်လက်မြို့နယ် ကျီးကန်တောင်ရွာနဲ့ မြောက်ရွာမှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ခုနစ်လောင်းတွေ့ရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းက အဲဒီကျီးကန်ရွာနှစ်ရွာကို မနေ့က ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး စစ်ကြောင်း ပြန်ထွက်သွားချိန် ဒေသခံတွေက ရွာထဲကို ပြန်ဝင်ကြည့်ရာမှာ ရုပ်အလောင်းတွေကို တွေ့ခဲ့ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မတ်လ ၁ ရက်မနက်အစောပိုင်းမှာ အင်အားတစ်ရာလောက်ပါ စစ်ကြောင်း တာတိုင်ရွာထဲ ဝင်လာပြီး ဒေသခံ ၆၀ လောက်ကို ရွာဘုန်းတော်ကြီးကျောင်းထဲမှာ ဖမ်းဆီးထားခဲ့ပြီးနောက် မတ်လ ၂ ရက်နေ့ စစ်ကြောင်းပြန်ထွက်တဲ့အချိန်မှာ ၁၅ ဦးကို ဖမ်းခေါ်သွားခဲ့တာပါ။
အဲဒီနောက် တာတိုင်ရွာ ကူးတို့ဆိပ်ကနေ မြင်းမူမြို့ဘက်အခြမ်း ညောင်ရင်းရွာရဲ့ကျွန်းပေါ်မှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးသုံးဦးအပါအဝင် ၁၄ ဦး အလောင်းတွေ့ခဲ့ရပြီး အမျိုးသားတစ်ဦးကတော့ ပျောက်နေတယ်လို့ မြင်းမူမြို့နယ် ညောင်ရင်းရွာခံတစ်ဦးက RFA ကိုပြောပါတယ်။
“ည ၁ နာရီထိုးလောက်ကနေပြီးတော့ မြင်းမူမြို့နယ်ကနေပြီးတော့ အဲဘက်ကိုစစ်ကြောင်းထိုး သွားတာ။ ပြည်သူတွေကနေရာ (စစ်ကြောင်းနဲ့)ဝေးတယ်လေ။ သူတို့ဆီကို မထင်မှတ်ဘဲ ရောက်လာတာ။ အဲမှာအစုလိုက်အပြုံလိုက် မိတော့တာပဲ။ ရေကျသွားတဲ့အချိန်မှာ ကျွန်းကြီးပေါ်လာတာ။ အဲကျွန်းပေါ်မှာ အသတ်ခံလိုက်ရတာ။ ရုပ်အလောင်းတွေက ကျန်တဲ့ဒဏ်ရာမတွေ့ဘူး။ နောက်ကနေ သေနတ်နဲ့တေ့ပစ်သွားတာ ”

အသတ်ခံရတဲ့သူတွေဟာ အသက် ၃၀ ကနေ ၅၀ ဝန်းကျင်အရွယ်တွေဖြစ်ပြီး သူတို့ ရုပ်အလောင်းတွေကိုတော့ မတ်လ ၂ ရက်ညပိုင်းမှာ မီးသင်္ဂြိုဟ်လိုက်ပြီလို့ ဆိုပါတယ်။
အဲဒီနေ့မှာပဲ မြင်းမူမြို့ ညောင်ရင်းရွာမှာ စစ်ကြောင်းနဲ့ကြုံခဲ့ရတဲ့ ညောင်ရင်းရွာခံတစ်ဦးလည်း ပစ်သတ်ခံခဲ့ရပါတယ်။ မတ်လ ၃ ရက် ဒီနေ့မနက်ပိုင်းမှာလည်း ညောင်ရင်းကျွန်းပေါ်မှာ အသက် ၃၀ နဲ့ ၄၀ ဝန်းကျင် အမျိုးသား ရုပ်အလောင်းနှစ်လောင်း ထပ်တွေ့ခဲ့တယ်လို့ တာတိုင်ဒေသခံတွေက ပြောပါတယ်။

"ရုပ်အလောင်းတွေက ကျန်တဲ့ဒဏ်ရာမတွေ့ဘူး။ နောက်ကနေ သေနတ်နဲ့တေ့ပစ်သွားတာ"
ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီးဦးအေးလှိုင်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းတဲ့အခါမှာလည်း သူမသိရသေးတဲ့အကြောင်း မနေ့ကဖြေဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်ကတော့ ကျူးလွန်တဲ့ သူတွေကို နိုင်ငံတကာတရားစွဲအဖွဲ့အစည်းတွေနဲ့ အရေးယူမှာဖြစ်သလို NUG ရဲ့တရားစီရင်ရေး နဲ့လည်း လုပ်ဆောင်မယ်လို့ RFA ကိုပြောပါတယ်။
“သူတို့ကို ဓားစာခံအနေနဲ့ခေါ်လာပြီး နောက်ဆုံးမိန်းကလေးတွေရော အကုန်လုံးသတ်ပစ်တဲ့ သဘောရှိတယ်။ ၁၅ ယောက်ဆိုတော့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုလို့ပြောလို့ရတယ်။ တရားဥပဒေအရ အရေးယူ ဆောင်ရွက်ဖို့တော့ နှစ်ပိုင်းပေါ့နော်။ နိုင်ငံတကာ တရားစွဲအဖွဲ့အစည်းတွေနဲ့ သူတို့ကို အရေးယူမှာဖြစ်သလို NUG ကိုယ်တိုင်မှာရှိနေတဲ့ တရားစီရင်ရေးမဏ္ဍိုင်ကနေ တစ်ဆင့်ပေါ့နော်။ ဒီကျူးလွန်မှုတွေနဲပတ်သက်ပြီးတော့ အပြစ်ပေးအရေးယူနိုင်ဖို့လည်း ဆက်လက်ပြီးတော့ ကြိုးစားသွားမှာ ဖြစ်ပါတယ်ခင်ဗျ ”
NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနကလည်း ဒီလုပ်ရပ်ဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပြီး စစ်ရာဇဝတ်မှုကျုးလွန်တာကြောင့် သက်သေအထောက်အထားတွေကို နိုင်ငံတကာတရားစီရင်ရေးဆိုင်ရာ ယန္တရားတွေဆီ ပေးပို့ထားတယ်လို့ မတ်လ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော် ရှေ့နေတစ်ဦးကတော့ အရပ်သားတွေကို တရားလက်လွတ် ဖမ်းဆီးသတ်ဖြတ်နေတာက စစ်ရာဇဝတ်မှုကျူးလွန်တာလို့ ပြောပါတယ်။
“တရားလက်လွတ်ပေါ့။ ဥပဒေမဲ့၊ မသင်္ကာယုံနဲ့အရပ်သားနဲ့ PDF နဲ့ကွဲကွဲပြားပြားမသိဘဲနဲ့ အရပ်သားကိုလည်း PDF အဖြစ်နဲ့ ထင်ယောင်ထင်မှား သံသယဖြစ်ပြီးတော့ ရက်ရက်စက်စက် သတ်ဖြတ်တာတွေ၊ ခေါင်းဖြတ်သတ်တာတို့ မီးရှို့သတ်တာတို့ဆိုတာက ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်တွေပေါ့။ စစ်ရာဇဝတ်မှုမြောက်တဲ့ကိစ္စတွေ ”
ဒီလိုရာဇဝတ်မှုတွေက ပျောက်ကွယ်သွားတာမျိုးမဟုတ်ဘဲ တရားဥပဒေစိုးမိုးတဲ့ အချိန်ကာလတစ်ခု ရောက်လာရင် ကျူးလွန်ခဲ့သူတွေ ပြန်အရေးယူခံရနိုင်တယ်လို့ သူကပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ စစ်ကိုင်းခရိုင်တပ်ရင်း (၈) တာဝန်ခံ ကိုဒေဝကတော့ ပြည်သူတွေ လုံခြုံရေးအတွက် အခုထက်ပိုပြီးကာကွယ်ပေးမယ်လို့ RFA ကို ပြောပါတယ်။
“ အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလမှာ ဒါပထမဆုံးဖြစ်တာပဲ။ ကျနော်တို့ဘက်ကလည်း ပြည်သူတွေအားလုံးရဲ့ လုံခြုံရေးကိုအခုထက်ပိုပြီး လုံခြုံဖို့၊ ကာကွယ်ဖို့ဆုံးဖြတ်ထားပါတယ်။ ကျနော်တို့ အသက်တွေဆိုတာလည်း နိုင်ငံအတွက် ပေးထားပြီးသားဖြစ်ပါတယ်။ ပြည်သူတွေကို ကာကွယ်သွားမယ်လို့လည်း ကတိသစ္စာပြုပါတယ် ”
ဒေသခံတွေအပြင် စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့လည်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီးနောက် ခေါင်းဖြတ်သတ်ခံရတာ ရှိခဲ့ပါတယ်။

မတ်လ ၁ ရက်က တာတိုင်ရွာစီးနင်းခံရပြီးနောက် ကျေးရွာကာကွယ်ရေးခေါင်းဆောင် ကိုကျော်ဇောကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီး ကိုယ်လက်အင်္ဂါတွေကို ဖြတ်တောက်ပစ် ခဲ့တယ်လို့ စစ်ကိုင်းအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ဖေဖော်ဝါရီလ နောက်ဆုံးပတ်ထဲမှာပဲ မြင်းမူမြို့နယ်ထဲက ကာကွယ်ရေးတပ်ဖွဲ့(ACID Army People Defence Force) တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ ဆားတောင်မိုးကြိုးအဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခံရပြီးနောက် ခေါင်းဖြတ် သတ်ခံလိုက်ရပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသိန်းစိုးနိုင်ကတော့ စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီအတွက် မကြုံဖူးတဲ့ ပုန်ကန်ထကြွမှုတွေနဲ့ ရင်ဆိုင်နေရလို့ အပြင်းထန်ဆုံး ဖိနှိပ်သတ်ဖြတ်နေတာလို့ RFA ကိုပြောပါတယ်။
“စစ်ကိုင်းတိုင်းကို အပြင်းထန်ဆုံး၊ အကြမ်းတမ်းဆုံး၊ အရက်စက်ဆုံးဖိနှိပ်ထားတဲ့ အဓိပ္ပါယ်က အဲဒီဒေသဟာ မြန်မာအမျိုးသားအများစု တစ်ခါမှစစ်ကောင်စီ၊ စစ်အစိုးရကို တော်လှန် တိုက်ခိုက်တဲ့ အစဉ်အလာမရှိခဲ့တဲ့ဒေသက ဒီလိုပုန်ကန်ထကြွမှုတွေ ပြင်းထန်လာတဲ့အခါမှာ နှိပ်ကွပ်ဖို့ စစ်ကောင်စီက ဆုံးဖြတ်ထားပုံရပါတယ် ”
စစ်ကိုင်းတိုင်းက အရာတော်၊ ဝက်လက်၊ ရွှေဘို၊ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦးမြို့ စတဲ့မြို့နယ် ၁၄ ခုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး စစ်အုပ်ချုပ်ရေးအမိန့်ကြေညာထားတာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ မတ်လ ၂ ရက်အထိ တစ်နိုင်ငံလုံးမှာ သေဆုံးခဲ့ရသူ ၃,၀၇၅ ဦးရှိလာပြီဖြစ်ပါတယ်။