တရုတ်နယ်စပ်ဂိတ် အကန့်အသတ်ကြောင့် ကြံစိုက်တောင်သူတွေ အရှုံး‌ပေါ်

2022.05.09
001.jpg

ကချင်ပြည်နယ် ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်က ကြံစိုက်တောင်သူတစ်ဦး။

002.jpg

ကြံစိုက်ခင်းထဲမှ ခုတ်ထွင်ပြီးသား ကြံများအား သယ်ဆောင်လာသူတစ်ဦး။

003.jpg

ကြံစိုက်ခင်းတစ်ခုအတွင်းမှ ခုတ်ထွင်ပြီးသား ကြံများ။

004.jpg

ကြံများအား ခုတ်ထွင်နေသော ကြံစိုက်ခင်း အလုပ်သမားတစ်ဦး။

005.jpg

ကြံခင်း လုပ်ငန်းခွင်တစ်ခုထဲမှ ကြံစိုက်တောင်သူတစ်ဦး။

006.jpg

ခုတ်ထွင်သန့်စင်ပြီးသား ကြံများအား ကုန်တင်ကားပေါ်သို့ တင်ဆောင်နေစဉ်။

007.jpg

ကြံများအား ကုန်တင်ကားပေါ် တင်နေကြသော အလုပ်သမားများ။

008.jpg

ကြံစိုက်ခင်းလုပ်ငန်းခွင်တစ်ခုအတွင်းက အလုပ်သမားများ။

009.jpg

ကချင်ပြည်နယ် မိုင်ဂျာယန်တစ်ဝိုက်က ကြံစိုက်ခင်းများမှ ကြံများအား တင်ဆောင်လာသည့် ကုန်တင်ကားများ။

010.jpg

ကြံများအား တင်ဆောင်လာသည့် ကုန်တင်ကားများကို တရုတ်နယ်စပ်အနီးတွင် တွေ့ရစဉ်။

ကချင်ပြည်နယ် ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယန် အနီးတစ်ဝိုက်က ကြံစိုက်တောင်သူတွေဟာ တရုတ်နယ်စပ်ဂိတ် အပိတ်ခံထားရတာကြောင့် ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တောင်သူတွေက ပြောပါတယ်။

အရင်နှစ်တွေဆိုရင် ကြံကို ဒီဇင်ဘာလလောက်မှာ စခုတ်ပြီး မတ်လလောက်မှာ အားလုံးတင်ပို့နိုင်ခဲ့ပေမယ့် အခုနှစ်မှာတော့ ပြီးခဲ့တဲ့ ဧပြီလကုန်လောက်မှ စခုတ်ရတဲ့အတွက် အရှုံးနဲ့ ရင်ဆိုင်နေရတာလို့ ကြံစိုက်တောင်သူတစ်ဦးဖြစ်တဲ့ ဦးဘရန်လောဒ်က RFA ကို ပြောပါတယ်။

“ကျနော့်ခြံကဆို အခုချိန်ထိ တစ်ပင်မှ မခုတ်ရသေးဘူး။ ဒီနှစ်က ခုတ်တောင် ခုတ်ရပါ့မလား မသိတော့ဘူး။ နောက်နှစ်မှဆိုလည်း ကြံတွေက ရင့်သွားပြီ။ တရုတ်က မယူတော့ဘူး။ ကြံခင်းရှင်းဖို့တောင် ပိုက်ဆံထပ်ကုန်ရတော့မယ်”

အခုအချိန်မှာ မိုးရာသီကို ရောက်နေပြီဖြစ်တာကြောင့် အဝယ်တော်တွေကလည်း တစ်ဆင့်ချင်း သယ်ယူနေရတဲ့ အတွက် ကုန်ကျစရိတ်တွေ ပိုများနေတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က တရုတ်အစိုးရနဲ့ ကေအိုင်အို ဆွေးနွေးညှိနှိုင်းပြီးနောက် တရုတ်နိုင်ငံကို တင်ပို့ဖို့အတွက် မိုင်ဂျာယန် အနီးတစ်ဝိုက်မှာ စိုက်ပျိုးတဲ့ ကြံစိုက်ခင်းဧကပေါင်း ၁၈၀၀ ဝန်းကျင်ရှိပါတယ်။

ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံက နှစ်နိုင်ငံနယ်စပ်ဂိတ်တွေကို ပိတ်ထားပြီးနောက် ကုန်စည်ပို့ဆောင်မှုကို အကန့်အသတ်နဲ့ ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။