ဗိုလ်ချုပ်သရုပ်ဆောင် ဘဝကနေ လက်နက်ကိုင် တော်လှန်ရေးသမား ဖြစ်လာသူ

2021.12.01

မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်လမ်းတစ်ခုမှာ ဗိုလ်ချုပ်နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုမြဖြိုးကိုဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ပြီး တောတွင်းတစ်နေရာမှာ စစ်ရေး လေ့ကျင့်နေပါတယ်။

အာဏာသိမ်းပြီး အစောပိုင်းရက်တွေမှာ တခြားပြည်သူတွေနည်းတူ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ပေမယ့်၊ စစ်ကောင်စီက လက်နက်အင်အားသုံး ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် လူထောင်နဲ့ချီ သေဆုံးခဲ့ပြီး နောက်မှာတော့ စစ်အာဏာရှင်ကို လက်နက်နဲ့ပဲ တိုက်ထုတ်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် လက်နက်ကိုင်ဖို့ ရွေးချယ်ခဲ့တာလို့ ကိုမြဖြိုးကိုက ပြောပါတယ်။

258232487_10161513819008128_6829741204003880193_n.jpg

ကျောင်းဆရာတစ်ယောက်လည်းဖြစ်တဲ့ အသက် ၂၇ အရွယ် ကိုမြဖြိုးကိုဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ရည်သွင်ပြင်၊ ပြုမှုနေထိုင်ပုံတွေနဲ့ အနီးစပ်ဆုံးတူဖို့ တစ်နှစ်နီးပါး လေ့ကျင့်ခဲ့ရပါတယ်။

259508482_10161513818748128_7978861937689269543_n.jpg

ဒါပေမယ့် ၂၀၂၁ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် ကိုမြဖြိုးကို ပါဝင်ရိုက်ကူးမယ့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ဇာတ်လမ်းရှည် ရိုက်ကူးရေးအစီအစဉ် ရပ်ဆိုင်းခဲ့ရပါတယ်။

258504645_10161513818898128_669779121605086080_n.jpg

မူလ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတိုကိုတော့ ပြည်တွင်းမှာ ပြသဖို့ မဖြစ်နိုင်သေးတဲ့အတွက် နိုင်ငံတကာမှာ ပြသဖို့ စီစဉ်ထားတယ်လို့ ကိုမြဖြိုးကိုက ပြောပါတယ်။

261324478_10161513819133128_161205407788417733_n.jpg

လက်ရှိမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး အောင်မြင်ပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်သွားဖို့ ပြည်သူကို ကတိ သစ္စာပြုပါတယ်လို့ ကိုမြဖြိုးကိုက ပြောပါတယ်။

(Photo: MPA)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။