လွတ်လပ်ရေးနေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်

RFA Burmese
2023.01.04
Share on WhatsApp
Share on WhatsApp
001 (5).JPG

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရပြီး အလုပ်ကြမ်းနဲ့ထောင် သုံးနှစ်ချမှတ်ခံရပြီးနောက် ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ပြန်လည်လွတ်မြောက်လာသည့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်။ (Photo: RFA)

001 (2).JPG

အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများနှင့် စောင့်ကြိုနေကြသူများအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

001 (1).JPG

၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ပြန်လည်လွတ်မြောက်လာသည့် ပုဒ်မ ၅၀၅ (က)နှင့် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခံထားရသော သတင်းထောက် အလှလေးသူဇာ(ခ) မသူဇာ။ (Photo: RFA)

001(8).JPG

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရပြီး ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က စစ်ကောင်စီ လွတ်ငြိမ်းသက်သာခွင့်နှင့် ပြန်လည်လွတ်မြောက်လာသည့် စာရေးဆရာ ထင်လင်းဦး။ (Photo: RFA)

001 (6).JPG

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က လားရှိုးအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများအား တွေ့ရစဉ်။ (Photo: RFA)

001 (7).JPG

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများကို စောင့်ကြိုနေကြသူများအား တွေ့ရစဉ်။ (Photo: RFA)

၂ဝ၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အာဏာသိမ်းစစ်ကောင်စီက အကျဉ်းသား ၇ဝဝဝ ကျော်ကို ပြန်လွှတ်ပေးလိုက်ပါတယ်။

အဲဒီထဲမှာ စစ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးခံထားရတဲ့ အကျဉ်းသားအယောက် ၂ဝဝ ကျော်ပဲ ပါတယ်လို့ သိရှိထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောပါတယ်။

မကြာသေးခင်ကမှ အမှုတွေ အပြီးသတ်စစ်ဆေးပြီး ထောင် ၃၃ နှစ်ထိ ချမှတ်ခံထားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လည်း ဒီကနေ့ လွတ်မြောက်လာသူတွေထဲ မပါပါဘူး။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ နိုင်ငံတကာရဲ့ တောင်းဆိုချက်ကို အာဏာသိမ်း စစ်ကောင်စီက လျစ်လျူရှုထားဆဲဖြစ်ပါတယ်။

ဒီကနေ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၂ဝဝ ကျော်ထဲမှာ NLD အစိုးရလက်ထက် သာသနာရေးဝန်ကြီး သူရဦးအောင်ကို၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဆရာ ထင်လင်းဦး၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခ ဒေါက်တာအာကာမိုးသူ၊ နိုင်ငံရေးလှုပ်ရှားသူတချို့နဲ့ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ငါးဦးပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။