အင်းစိန်အကျဉ်းထောင်ရှေ့က လူတန်းရှည်

2022.11.02
thumbnail
Photo: RFA

အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျနေသူတွေကို မိသားစုထောင်ဝင်စာပို့ခွင့် ပြန်လည်ခွင့်ပြုခဲ့ပေမယ့် အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားတွေ၊ အချုပ်သားတွေ များပြားလွန်းတာကြောင့် ထောင်ဝင်စာထုပ်ပို့မယ့် မိသားစုတွေ ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့မှာ မနက်အစောကြီးကတည်းကနေ နေ့လယ်အထိ တန်းစီပြီး စောင့်ဆိုင်းကြရပါတယ်။

Photo: RFA
Photo: RFA

Photo: RFA
Photo: RFA

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့က အင်းစိန်အကျဉ်းထောင် ပါဆယ်ပို့တဲ့နေရာ ဗုံးပေါက်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနက တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေမှာ ထောင်ဝင်စာပါဆယ်ပို့ခွင့် ပိတ်ပင်ထားခဲ့ပြီး အောက်တိုဘာလ ၃၁ ရက် တနင်္လာနေ့မှာမှ ပြန်ပြီးခွင့်ပြုခဲ့တာပါ။

Photo: RFA
Photo: RFA

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်အထိ အာဏာသိမ်းပြီးလပေါင်း ၂၀ ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ ဖမ်းဆီးခံထားရသူ ၁၂,၇၀၀ ဦး ရှိနေပါတယ်။

Photo: RFA
Photo: RFA

Photo: RFA
Photo: RFA

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။