TNLA နဲ့ မဟာမိတ်တွေ သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ မြင်ကွင်း

RFA Burmese
2024.08.28
naungcho (1).jpeg

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ရှိ စျေးဆိုင်အချို့ ဖွင့်လှစ်ထားသည်ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

naungcho (2).jpeg

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

naungcho (3).jpeg

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့အတွင်းမှာ စျေးဆိုင်အချို့ ပုံမှန် ပြန်ဖွင့်ထားတာကို ဩဂုတ်လ ၂၈ ရက်နေ့မှာ တွေ့ရတာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ရှိ မြို့မစျေးကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ရှိ မြို့မစျေးကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

လေကြောင်းရန်ကြောင့် မြို့ခံ အားလုံးနီးပါး နေရပ်ပြန်မလာကြသေးသလို နောင်ချိုမြို့မဈေးလည်း ပြန်ဖွင့်နိုင်တာမျိုး မရှိသေးပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့တွင် လုံခြုံ‌ရေးယူပေးနေသည့် TNLA တပ်ဖွဲ့ဝင်အချို့အား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့တွင် လုံခြုံ‌ရေးယူပေးနေသည့် TNLA တပ်ဖွဲ့ဝင်အချို့အား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒါပေမဲ့ နောင်ချိုမြို့အတွင်း လုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေးကိုတော့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ ဥပဒေစိုးမိုးရေးတပ်ဖွဲ့က တာဝန်ယူထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ရှိ အဆောက်အအုံ ထိခိုက်ပျက်စီးနေသည့် စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ရှိ အဆောက်အအုံ ထိခိုက်ပျက်စီးနေသည့် စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

နောင်ချိုနဲ့ နှစ်မိုင်နီးပါးအကွာမှာရှိတဲ့ စစ်ကောင်စီအမြောက်တပ်အနီးမှာတော့ စစ်ကောင်စီနဲ့ TNLA မဟာမိတ်ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲ ဆက်ဖြစ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။