အာဏာသိမ်းပြီးနောက် ပိုမိုစည်ကားလာတဲ့ ဘေထုပ်တန်း
ရန်ကုန်၊ ကြည့်မြင်တိုင် ညဈေးတန်းရဲ့ လမ်းဘေးဝဲယာ တလျှောက်က တစ်ပတ်ရစ်(ဘေထုပ်) အဝတ်အထည်ဆိုင်တွေမှာ ဈေးဝယ်သူတွေနဲ့ စည်ကားနေပါတယ်။
ကိုဗစ်ဒဏ်နဲ့ စစ်အာဏာသိမ်းမှုအောက် လူတွေ အလုပ်အကိုင်ရှားပါးကုန်တာကြောင့် ဈေးသက်သက်သာသာနဲ့ ရမယ့် တစ်ပတ်ရစ် အဝတ်အစားတွေကို လာဝယ်ကြတာလို့ ဈေးဝယ်သူတွေက ပြောပါတယ်။
အပျော်တမ်း လာဝယ်သူတချို့လည်း ရှိပါတယ်။ တံဆိပ်စုံ၊ အရွယ်အစားစုံတာမို့ လူတန်းစားအလွှာစုံက လာဝယ်နေကြတာလည်း တွေ့ရပါတယ်။
တစ်ပတ်ရစ်(ဘေထုပ်) ဆိုင်တွေဟာ အဲ့ဒီ ကြည့်မြင်တိုင်ညဈေးမှာ ဖွင့်ထားတာ ကြာပြီဖြစ်ပြီး တချို့ဆိုင်တွေဆိုရင် နှစ် ၂ဝ လောက်တောင် ရှိပါပြီ။ ကိုဗစ် ပထမလှိုင်းကာလမှာတော့ ဒီဆိုင်တွေ ပိတ်ထားခဲ့ရတာပါ။
ကိုဗစ်ကပ်ရောဂါရဲ့ဒဏ်၊ စစ်အာဏာသိမ်းပြီး နောက်ပိုင်းဖြစ်လာတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် ဒီနှစ် ၂ဝ၂၂ ခုနှစ် အတွင်း မြန်မာ့လူဦးရေရဲ့ ထက်ဝက်လောက်ဟာ ဆင်းရဲမယ့်အခြေအနေ ရောက်သွားနိုင်တယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။